ယနေ့တစ်ရက်တည်း ရန်ကုန်တိုင်းအတွင်းက မြို့နယ် (၃) ခုတွင် ကိုင်းတောမီးလောင်မှုများ ဖြစ်ပွားခဲ့

0
208

ရန်ကုန်တိုင်းအတွင်း အင်းစိန်၊ မှော်ဘီနှင့် မရမ်းကုန်းမြို့နယ်တို့၌ ယနေ့ ဧပြီ (၁၈) ရက်တွင် ကိုင်းတောမီးလောင်မှု (၃) ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့ညနေ (၄) နာရီက အင်းစိန်မြို့နယ်၊ စက်မှုဇုန် (၄)၊ ဦးထွန်းလမ်းတွင် ကိုင်းတောမီးလောင်၍ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ ညနေ (၄) နာရီ (၁၁) မိနစ်တွင်မီးထိန်းနိုင်ခဲ့ပြီး ညနေ (၄) နာရီ (၄၁) မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မှော်ဘီမြို့နယ်၊ ဘိုးဓနကုန်းကျေးရွာအနီးတွင် မွန်းလွဲ (၃) နာရီ (၄၇) မိနစ်ခန့်က ကိုင်းတော မီးလောင်မှုဖြစ်ပွား၍ မှော်ဘီမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ (၄) နာရီ (၂၄) မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး ညနေ (၄) နာရီ (၄၂) မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့အတူ မွန်းတည့် (၁၂) နာရီ (၃၃) မိနစ်ခန့်ကလည်း မရမ်းကုန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ဂန္ဓမာလမ်းနှင့် ဝေဇယန္တာ လမ်းထောင့်တွင် ကိုင်းတောမီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရ ကြောင်း သိရသည်။

ယင်းသို့ ငြှိမ်းသတ်ခဲ့မှုကြောင့် မွန်းတည့် (၁၂) နာရီ (၅၀) မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းတည့် (၁) နာရီ (၁၀) မိနစ်၌ မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here