မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ ကျောင်းတိုက် ကျောင်းထိုင် ဆရာတော်နှင့် လက်ထောက် ကျောင်းထိုင် ဆရာတော်တို့အား သာသနာဆိုင်ရာဘွဲ့များ ဆက်ကပ်

0
595

ရုရှားနိုင်ငံ ၊ မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ဆရာတော် (၂) ပါးအား သာသနာဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း အခမ်းအနားကို ယမန်နေ့ ဧပြီ (၁၇) ရက်က မော်စကိုမြို့ရှိ မြန်မာသံရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဝိဟာရ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယအား မြန်မာသံအမတ်ကြီး ဦးလွင်ဦးမှ ဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်အား ဆက်ကပ်ပူဇော်ခဲ့ကြောင်း သိရသည်။

ထို့အပြင် လက်ထောက်ကျောင်းထိုင် ဆရာတော် သဒ္ဓမဇောတိကဓဇ၊ ဘဒ္ဒန္တ နန္ဒမာလာ လင်္ကာရအား မဟာသဒ္ဓမဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ ထေရဝါဒ ဗုဒ္ဓဝိဟာရကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယထံမှ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင်စည်သူ ဦးလွင်ဦး၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း ၊ ရေ၊ လေ)ဗိုလ်မှူးချုပ် မိုးကျော်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီးကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များက နှစ်သစ်ကူးအန္တရာယ် ကင်းပရိတ်တရားတော်များရွတ်ပွား သရဇ္ဈာယ်တော်မူခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here