စစ်ကိုင်းတွင် စက်သုံးဆီ သိုလှောင်ရောင်းချသည့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

0
134

ယနေ့ ဧပြီလ (၁၉) ရက် နံနက် (၆) နာရီဝန်းကျင်က စစ်ကိုင်းမြို့ရှိ စက်သုံးဆီသိုလှောင်ရောင်းချသည့် နေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

စစ်ကိုင်းမြို့၊ နီလာရပ်ကွက်ရှိ စက်သုံးဆီသိုလှောင်ရော င်းချသည့် နေအိမ်တွင် ယနေ့နံနက် (၆) နာရီ (၁၅) မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာသို့ စစ်ကိုင်းခရိုင် မီးသတ်စခန်း၊ စစ်ကိုင်းမြို့နယ်မီးသတ်စခန်း ၊ စိန်ကုန်းအရန်မီးသတ်စခန်း၊ ထုံးဘိုအရန်မီးသတ်စခန်း၊ နီလာနယ်မြေ မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရကြောင်း မြ န်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

“ဆီပေပါတွေနဲ့ စက်သုံးဆီတွေကို လှောင်ထားတာ။ လ တ်တလောကတော့ မီးငြိမ်းသွားပြီ ။ (၄၅) မိနစ်လောက်တော့ ဝိုင်းငြှိမ်းခဲ့ရတယ်။ ဖြစ်စဥ် အတိအကျကို မီးသတ်က စစ်ဆေးပြီးမှသိရမှာပါ “ဟု အခင်းဖြစ်နေရာသို့ ရော က်ရှိနေသည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသ ည်။

မီးလောင်ကျွမ်းမှုမှာ နံနက် (၇) နာရီ ဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှု တန်ဖိုးအား မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ များက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here