ဓာတ်ဆီပုလင်း ကိုင်ထားသူကို ဆေးလိပ်မီးဖြင့်တို့မည်ဟု စနောက်ရာမှ မီးလောင်ကျွမ်းမှု တာချီလိတ်တွင်ဖြစ်ပွား

0
134

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဓာတ်ဆီပုလင်းကိုင်ထားသူအား စနောက်ရာမှ မီးလောင်ကျွမ်းပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဧပြီလ (၁၈) ရက် ညနေပိုင်း ၃နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ဖြစ်စဉ်မှာ “သက်တော်ရှည်” ဘုန်းတော်ကြီးကျောင်းအနီးတွင် နေထိုင်သည့် အသက် (၃၀) အရွယ် ကိုဖိုးခွားဆိုသူ ဓာတ်ဆီပုလင်းကိုကိုင်ထားစဥ် ၎င်းဘေးတွင်ရှိနေသူတစ်ဦးမှ ဆေးလိပ်မီးဖြင့်တို့မည်ဟု စနောက်ပြောဆိုစဥ် မတော်တဆ ထိမိပြီးနောက် မီးလောင်သွားခဲ့သဖြင့် ကိုဖိုးခွား၏ ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” အခင်းဖြစ်တဲ့ နားကလူတွေ ပြောပုံအရဆိုရင် ဓာတ်ဆီပုလင်းကိုင်ထားတဲ့ လူကို ဆေးလိပ်မီးနဲ့ တို့မယ်ဆိုပြီး စနောက်ရင်းနဲ့ အခုလိုဖြစ်သွားတာလို့ သိရပါတယ်”ဟု သွားရောက်ကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

“သတင်းကြားတာနဲ့ ချက်ချင်းသွားပြီး ကူညီပေးခဲ့ပါတယ်။ မြေပြင်ကုသပေးပြီးတာနဲ့ တာချီလိတ်ပြည်သူ့ဆေးရုံကို ပို့ပေးခဲ့ပါတယ်” ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here