နေ့အပူချိန်ကြောင့် အပူရှပ်သတိလစ်ခြင်းဖြစ်လာပါက နီးစပ်ရာကျန်းမာရေးဌာသို့ ချက်ချင်းပို့ဆောင်ပါ

0
226

လက်ရှိတွင် နေ့အပူချိန်တိုးလာနေပြီး အပူရှပ် သတိလစ်ခြင်းကြောင့် သေဆုံးမှုများရှိလာသည့်အတွက် အပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်ပေးရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ယင်းအပြင် အပူဒဏ်ကြောင့်ဖြစ်ပေါ်လာသည့် ကျန်းမာရေးပြဿနာများကြောင့် ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်လာခြင်း၊ အရေပြားပူပြီးခြောက်သွေ့ခြင်း (သို့မဟုတ်) ချွေးခန်းခြောက်ခြင်း ၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်း နှင့် တက်ခြင်းစသည့်အပူဒဏ်ကြောင့်ဖြစ်သည့် Heat Stroke များဖြစ်နိုင်ကြောင်း အသိပေးထားသည်။

အပူဒဏ်၏ လက္ခဏာများမှာ အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း ၊ ဂဏာမငြိမ်ခြင်း၊ ခေါင်းမူးနောက်ခြင်း ၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ပင်ပန်းနုံးချိခြင်း စသည့် ဝေဒနာများ ဖြစ်ပေါ်တတ်ကြောင်း၊ အပူဒဏ်ကြောင့် သတိလစ်သည့်လူနာကို ရှေးဦးသူနာနည်းဖြင့်ပြုစုရာတွင် လူနာကိုအရိပ်ရပြီး အေးမြသည့်နေရာကိုရွှေ့၍ လူနာ၏ ခြေရင်းဘက်ကိုမြှင့်ထားကာ ပက်လက်အနေအထားဖြင့် အဝတ်အစားများတင်းကြပ်ပါက သက်တောင့်သက်သာဖြစ်အောင် ပြုလုပ်ပေးခြင်း ၊ ရေပတ်တိုက်ပေးခြင်း နှင့်သတိပြန်ရပါက ဓာတ်ဆားရည်နှင့် ရေအေးအေးတိုက်ခြင်းတို့ကို ပြုလုပ်ရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here