အပူချိန်ပြင်းထန်မှုကြောင့် အသက်(၇၀)နှစ်အရွယ် အမျိုးသားကြီး တစ်ဦး လဲကျသေဆုံး

0
120

အပူချိန် ပြင်းထန်မှုကြောင့် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မလမ်းပေါ်တွင် အသက် (၇၀) အရွယ်အမျိုးသားကြီးတစ်ဦး ယနေ့ ဧပြီ (၁၉) ရက် မွန်းတည့် (၁၂) နာရီ ဝန်းကျင်တွင် လဲကျသေဆုံးသွားခဲ့ကြောင်း မြန်မာ့ကြယ်ဖြူလူမှု ကူညီကယ်ဆယ်ရေး ပရဟိအဖွဲ့ (ရန်ကုန်)မှ သိရသည်။

မင်းဓမ္မလမ်းပေါ်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံအနီးတွင် အသက်(၇၀)နှစ်အရွယ် အမျိုးသားကြီးတစ်ဦးလဲကျနေကြောင်း သတင်းအရ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့(ရန်ကုန်)မှကူညီရန် သွားရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကူညီဖို့ရောက်တဲ့အချိန် စမ်းသပ်ကြည့်တဲ့အခါ အသက်မရှိတော့ပါဘူး။ သူက မရမ်းကုန်းမြို့နယ်၊ (၆) ရပ်ကွက်မှာနေတာပါ ။ မိသားစုနဲ့လည်း အဆက်အသွယ်ရပါတယ်”ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့ (ရန်ကုန်)မှ ကိုလွင်မောင်က ပြောသည်။

အဆိုပါ သေဆုံးသူ အမျိုးသား ရုပ်အလောင်းအား နိဗ္ဗာန်ယာဉ်ဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here