အမှတ်မထင်တွေ့ဆုံခဲ့ရတဲ့ ဦးဗေလုဝအား အလှူငွေလှူပေးခဲ့တဲ့ လှမျိုးသဉ္ဇာနွယ်

0
822

သရုပ်ဆောင်လှမျိုးသဉ္ဇာနွယ်ဟာ ယနေ့ဧပြီလ ၁၉ ရက်နေ့လက်ဖက်ရည်ဆိုင်မှာအမှတ်မထင်တွေ့ဆုံခဲ့ရတဲ့သရုပ်ဆောင် ဦးဗေလုဝအား ဆေးဖိုးအဖြစ်အလှူငွေလှူပေးခဲ့တာဖြစ်ပါတယ်။

အခုလိုလှူပေးဖြစ်တာနဲ့ပတ်သက်ပြီး လှမျိုးသဉ္ဇာနွယ် က

” ခရီးသွားရမှာမို့ ကားစစ်ရင်း စောင့်နေတုန်း လဘက်ရည်ဆိုင်မှာမမျှော်လင့်ပဲ သရုပ်ဆောင် ဦးဗေလုဝ ကို တွေ့လို့နှုတ်ဆက်တော့ ဝမ်းသာအားရ ပြန်နှုတ်ဆက်ရှာတယ် လက်က ဘာဖြစ်လဲ မေးတော့ ဘေးက ပါလာတဲ့သူက လေဖြတ်ထားတာတဲ့ ဦးဗေ စကား သိပ်မပြောနိုင်သေးဘူးတဲ့ စိတ်မကောင်းလို့ ဆေးဖိုးလေး လှူခဲ့ပါတယ် ” လို့သူမလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here