EV ယာဉ်များအား ပြည်ပမှတင်သွင်းခွင့်ပြုရာမှ ပြည်တွင်းမှာပါထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ရာ တင်သွင်းထုတ်လုပ်လိုပါက သက်ဆိုင်ရာကုမ္ပဏီအနေဖြင့် ဦးဆောင်ကော်မတီထံ အဆိုပြုလွှာများတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
EV ယာဉ်များနိုင်ငံအတွင်း တွင်ကျယ်စွာအသုံးပြုနိုင်ဖို့ ယခုနှစ် ဇန်နဝါရိလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိကနဦးရှေ့ပြေးစီမံကိန်းအဖြစ်ဆောင်ရွက်နေကြောင်း၊ အဆိုပါစီမံကိန်းဆောင်ရွက်နေစဉ်အတွင်း EV Charging Station များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ရန်ကုန်-မန္တလေးအမြန်လမ်ကြီးရှိ နေရာ ၁၉ ခုတွင် ကုမ္ပဏီ ၉ ခုမှတာဝန်ယူတည်ဆောက်ထားသည်။
ယင်းအပြင် EV လျှပ်စစ်သုံးယာဉ်များကို တစ်နိုင်ငံလုံးတွင် အသုံးပြုပြေးဆွဲနိုင်ရန်အတွက် အဓိကလမ်းမကြီးများတွင် အားသွင်းသည့် နေရာများတည်ဆောက်နိုင်ရန်အတွက် လေ့လာဆန်းစစ်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။