ပြည်တွင်း ခရီးသွားများ ၁၀ ရာခိုင်နှုန်းသာ မြင့်တက်လာ​သေး

0
180

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပုဂံဒေသသို့ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည် ၄၀၀၀၀ ကျော်လာရောက်လည်ပတ်မှုရှိခဲ့ကြောင်း သိရသည်။

ပုဂံဒေသသို့ ပြည်တွင်းခရီးသွားဦးရေ ၄၅၈၅၄ ဦး၊ ပြည်ပခရီးသွားဦးရေ ၄၃၉ ဦး စုစုပေါင်း ၄၆၂၉၃ ဦးရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ခရီးသွားရာသီအစဖြစ်သည့် အောက်တိုဘာလမှစတင်ကာ ပြည်တွင်းခရီးသွားလုပ်ငန်းလည်ပတ်မှု မြင့်တက်လာခဲ့ပြီး ပြည်ပခရီးသွားဝင်ရောက်မှုမှာ နည်းခဲ့ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်၏ ဖြေကြားချက်အရ သိရသည်။

ပြည်တွင်းခရီးသွားများအနေဖြင့် ရုံးပိတ်ရက်ကာလတွင် ပုဂံ၊ ချောင်းသာ၊ ငွေဆောင်၊ ပြင်ဦးလွင် စသည့်နေရာများနှင့် ရှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး-အင်းလေး-ကလော ဒေသများသို့လည်း သွားရောက် လည်ပတ်မှုများ ရှိခဲ့ကြသည်။

ကိုဗစ်ကာလမတိုင်ခင် မြန်မာနိုင်ငံတွင် ပြည်တွင်းခရီးသွား အရေအတွက်သည် တစ်နှစ်လျှင် ၁၀ သန်းဝန်းကျင်ရှိခဲ့ပြီး ကိုဗစ်မတိုင်ခင် ပြည်တွင်းခရီးသွားအရေအတွက် ပြန်လည်ရောက်ရှိရန် လက်ရှိအခြေအနေမှာခက်ခဲနေဆဲဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ပြည်တွင်း ခရီးသွား ၁၀ ရာခိုင်နှုန်းသာ မြင့်တက်လာခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here