ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဂိုဏ်းပေါင်းစုံ သံဃာ ၁၁၁၁၁ ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇာ တင်တော်မူမည်

0
284

ရန်ကုန်တိုင်းအစိုးရအဖွဲ့မှကြီးမှူး၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဂိုဏ်းပေါင်းစုံသံဃာ ၁၁၁၁၁ ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူသွားမည်ဖြစ်ကာ စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မင်္ဂလာအခမ်းအနားများအတွက် လုပ် ငန်းညှိနှိုင်းအစည်းအဝေးအား ဧပြီ ၁၉ ရက်နေ့လည်ပိုင်းက ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရှေး ဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်များတန်ဆောင်း၌ ပြုလုပ်ရာ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ တိပိဋကာလင်္ကာရစာသင်တိုက်ကြီး၏ ဦးစီး ပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိနှင့်ဆရာတော်၊သံဃာတော်များကြွရောက်တော်မူခဲ့ကြသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊ဌာနဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်ကြည်ညိုခဲ့ကြသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးက လုပ် ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီးနောက် အပြည်ပြည်ဆိုင်ရာ ထေရဝါရဗုဒ္ဓသာ သနာပြုတက္ကသိုလ် ဒု-ပါမောက္ခချုပ်(စီမံ)က ရွှေ တိဂုံစေတီတော်မြတ်ကြီးတွင် ဂိုဏ်းပေါင်းစုံ သံ ဃာ ၁၁၁၁၁ ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်အခမ်းအနားနှင့်စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးတင်ပြခဲ့သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား မေ ၂ ရက်တွင် ဂိုဏ်းပေါင်းစုံသံဃာ ၁၁၁၁၁ ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူပြီးနောက် ဒဂုံမြို့နယ်၊ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်နှင့်ပြည်သူ့ဥယျာဥ်အတွင်း၌ ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများလောင်းလှူသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here