မန္တလေးက “ထိပ်တန်း”ရွှေဆိုင် ဓားပြတိုက်ခံရမှု ငွေကျပ်သိန်း (၂၇၀၀) ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများပါသွား

0
283

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ (၆၂) လမ်း၊ (၁၃၃) လမ်းနှင့် (၁၃၄) လမ်းကြားရှိ “ထိပ်တန်း” ရွှေဆိုင်တွင် ဧပြီ (၁၉) ရက် မွန်းလွဲ (၂) နာရီကျော်ခန့်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ငွေကျပ်သိန်း ၂၇၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွားခံခဲ့ရကြောင်း သိရသည်။

အမည်မသိအမျိုးသား (၄) ဦးသည် “ထိပ်တန်း”ရွှေဆိုင်သို့ ဆိုင်ကယ် (၂) စီးဖြင့် ရောက်ရှိလာကာ သေနတ်၊ဓားများဖြင့် ခြိမ်းခြောက်ပြီးနောက် ဆိုင်အတွင်းရှိ ရွှေထည်ပစ္စည်းများအား လုယက်ယူ ဆောင်၍ ဆိုင်ကယ်များဖြင့်မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

“အခင်းဖြစ်တာကို သိတဲ့အချိန်ကစပြီး ပြစ်မှုကျူးလွန်တဲ့လူတွေကို ဖမ်းဆီးရမိဖို့ လုပ်ဆောင်နေပါတယ်။ CCTV မှ တ်တမ်းတွေကိုလည်း စစ်ဆေးနေပါတယ်။ ပါသွားတဲ့ပစ္စ ည်းတွေက တန်ဖိုးက ကျပ်သိန်း ၂၇၀၀ ကျော်ပါတယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ “ထိပ်တန်း” ရွှေဆိုင် ဓားပြတိုက်ခံရမှုတွင် ကျူးလွန်သူများသည် ဆိုင်အတွင်းမှရွှေ လက်ကောက် (၃၀) ကွင်း၊ ရွှေဆွဲကြိုး (၁၀၀) ကုံး၊ ရွှေ နားကပ် (၅၀) ရံ၊ ရွှေကလစ် (၁၀) ခု ခန့်တို့အား လုယက်ယူဆောင်သွားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here