ယူကရိန်းသို့လက်နက်ထောက်ပံ့ခြင်းအတွက် တောင်ကိုရီးယားအား ရုရှားသတိပေး

0
161

မော်စကို၊ဧပြီ ၁၉

ယူကရိန်း၌ ကြီးမားသောအရပ်ဘက်ပစ်မှတ်များကိုတိုက်ခိုက်မှုတစ်ခုဖြစ်ပွားပြီးနောက် ဆိုးလ်ဘက်မှ ကိဗ်သို့စစ်ဘက်ဆိုင်ရာအကူအညီများပေးနိုင်ရန် တံခါးဖွင့်ထားကြောင်းဆိုခဲ့သဖြင့် တောင်ကိုရီးယားအနေဖြင့် ယူကရိန်းသို့လက်နက်များမထောက်ပံ့ရန် ရုရှားကသတိပေးခဲ့သည်ဟုသိရသည်။

ဝါရှင်တန်၏မဟာမိတ်ဖြစ်သော တောင်ကိုရီးယားသည် ယခုအချိန်အထိ ယူကရိန်းသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် စစ်လက်နက်မဟုတ်သည့် အခြားအကူအညီများထောက်ပံ့ပေးခဲ့သော်လည်း စစ်လက်နက်ပစ္စည်းထောက်ပံ့ရန်ကိုမူ ငြင်းဆိုထားဆဲဖြစ်သည်။

သို့သော် တောင်ကိုရီးယားသမ္မတယွန်းဆော့ယော်ကမူ ၎င်းတို့အနေဖြင့် ယူကရိန်းအား ယခုအချိန်ထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီနှင့် ဘဏ္ဍာရေးအကူအညီများသာ ပေးခဲ့သည်ဆိုသော်လည်း အရပ်သားများအားတိုက်ခိုက်ခြင်းကဲ့သို့သော နိုင်ငံတကာအသိုင်းအဝိုင်းက လက်မခံနိုင်သည့်ကိစ္စမျိုးရှိလာပါက ၎င်းတို့အနေဖြင့်လည်း စစ်လက်နက်မထောက်ပံ့ဟူသောမူအား ပြောင်းသင့်လျှင် ပြောင်းရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ယင်းကြောင့်ပင် ခရမ်မလင်က တောင်ကိုရီးယားအနေဖြင့် လက်နက်စတင်ထောက်ပံ့မည်ဆိုပါက အဆိုပါထောက်ပံ့မှုသည် စစ်ပွဲအတွင်းသို့ တစ်ဖက်တစ်လမ်းမှပါဝင်ခြင်းဖြစ်သည်ဟုဆိုခဲ့သည်။ယင်းနောက် ၎င်းတို့အနေဖြင့်လည်း မြောက်ကိုရီးယားသို့လက်နက်ပေးမည်ဆိုက ပေးနိုင်ကြောင်းပြောကြားခဲ့သည်။

“သူတို့နဲ့အနီးကပ်ဆုံး မြောက်ကိုရီးယားလိုနိုင်ငံမှာ ရုရှားရဲ့နောက်ဆုံးပေါ်လက်နက်တွေကို အနီးကပ်တွေ့ရရင် တောင်ကိုရီးယားကလူတွေ ဘယ်လိုများနေမလဲဆိုတာလည်းသိချင်မိပါတယ်” ဟု ပြောကြားခဲ့ပြီး ပိုနေမြဲကျားနေမြဲကပဲကောင်းပါတယ်ဟုလည်း ရုရှား၏ယခင်ခေါင်းဆောင်ဟောင်းဖြစ်သူ ဒစ်မီထရီကပြောကြားခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here