ကမ္ဘောဒီးယား၌ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ခြင်းနှင့်လူစုဝေးရန်အတွက် ကိုဗစ်စစ်ဆေးရမှုအားရပ်ဆိုင်း

0
153

ဖနွမ်းပင်၊ဧပြီ ၂၀

ဝန်ကြီးချုပ်ဟွန်ဆန်က လူထုစုဝေးပွဲတိုင်း၌ မဖြစ်မနေနှာခေါင်းစည်းတပ်ဆင်ရခြင်းနှင့် ကိုဗစ်စစ်ဆေးခြင်းတို့ကို ရပ်ဆိုင်းလိုက်ကြောင်း ယမန်နေ့ မွန်းလွဲပိုင်းကကြေငြာခဲ့သည်။

ထပ်မံ၍ဝန်ကြီးချုပ်က ခမာနှစ်သစ်ကူး၌ ကိုဗစ်ကူးစက်မှုလုံးဝမရှိဘဲ အောင်မြင်စွာကျင်းပနိုင်ခဲ့သဖြင့် စည်းမျဉ်းများအားလျှော့ချပေးပါရန် ကျန်းမာရေးဝန်ကြီးဌာန၏ မေတ္တာရပ်ခံချက်အရ ယခုကဲ့သို့ စည်းမျဉ်းများကိုလျှော့ချပေးလိုက်ခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။

သို့သော် နေမကောင်းဖြစ်နေသူများအနေဖြင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ခြင်းနှင့် ကိုဗစ်စစ်ဆေးမှုပြုလုပ်ခြင်းနှစ်မျိုးအနက် တစ်ခုကိုလုပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဤ ကြေငြာချက်သည် နှာခေါင်းစည်းများ၊ကိုဗစ်စမ်းသပ်ကိရိယာများနှင့် ဆေးဝါးကုသမှုများအတွက် ကုန်ကျစရိတ်များကိုလျှော့ချပေးနိုင်မည်ဖြစ်ကြောင်းဟွန်ဆန်ကပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ်ကကိုဗစ်အခြေအနေကို ဆက်လက်စောင့်ကြည့်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို တိုက်တွန်းထားပြီး လူတိုင်းလက်ဆေးခြင်းကဲ့သို့သော တစ်ကိုယ်ရေကျန်းမာရေးကိစ္စများ ကိုမူ ဆက်လက်ပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။

ကမ္ဘောဒီးယားတွင် ၂၀၂၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၃၈,၇၂၆ ရှိပြီး သေဆုံးသူ ၃,၀၅၆ ဦးရှိကြောင်းလည်းသိရသည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here