တွစ်တာ၏ ဒေတာများကို အေအိုင်အတွက် သုံးနေသည့်အတွက် မိုက်ခရိုဆော့ဖ်ကို တရားစွဲမည်ဟု အီလွန်မတ်စ် ခြိမ်းခြောက်

0
143

တွစ်တာပိုင်ရှင် ဘီလျံနာ သူဌေးကြီး အီလွန်မတ်စ်က မိုက်ခရို ဆော့ဖ်သည် ၎င်း၏ အေအိုင်စနစ်ကို လေ့ကျင့်ပေးရန်အတွက် တွစ်တာကုမ္ပဏီ၏ ဒေတာများကို တရားမဝင် အသုံးပြုနေသည်ဟု စွပ်စွဲကာ တရားစွဲသွားမည်ဟု ဧပြီလ ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင် ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

“သူတို့ဟာ တွစ်တာရဲ့ ဒေတာတွေကို တရားမဝင် သုံးပြီး အေအိုင်ကို လေ့ကျင့်ပေးနေတယ်။ တရားစွဲဖို့ အချိန်တန်ပြီ” ဟု မတ်စ်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

မတ်စ်၏ ခြိမ်းခြောက်မှုမှာ မိုက်ခရိုဆော့ဖ်က ၎င်း၏ ကြေငြာပလပ်ဖောင်းမှ တွစ်တာကို ဖယ်ရှားမည်ဟု ပြောကြားလာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တရားစွဲမည့် ကိစ္စနှင့် ပတ်သက်၍ တွစ်တာဘက်က သေသေချာချာ တုံ့ပြန်ထားခြင်းမရှိသကဲ့သို့ မိုက်ခရိုဆော့ဖ်ဘက်ကလည်း မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။

သို့ရာတွင် မတ်စ်၏ ခြိမ်းခြောက်မှုသည် မျိုးဆက်သစ် အေအိုင်နည်းပညာနှင့် ပတ်သက်၍ ယှဉ်ပြိုင်မှု ပြင်းထန်လာသည့်ကြား ဒေတာပိုင်ဆိုင်မှု၏ အရေးပါပုံနှင့် ထိုအရာကြောင့် တရားစွဲဆိုမှုများ ဖြစ်လာနိုင်ကြောင်းကို ညွှန်ပြနေသည်။

Source: CNBC


LEAVE A REPLY

Please enter your comment!
Please enter your name here