မျိုးသုဉ်းခါနီး မျောက်အကောင်ရေ တစ်သိန်းအား တရုတ်သို့ပို့မည်ဟုသီရိလင်္ကာပြော

0
123

မွမ်ဘိုင်း၊ဧပြီ ၂၀

သီရိလင်္ကာသည် ၎င်း၏စီးပွားရေးအခြေအနေကိုတိုက်ဖျက်ရန် ဆန်းသစ်သောနည်းလမ်းကိုရှာဖွေတွေ့ရှိခဲ့ပြီး တရုတ်နိုင်ငံသို့ မျိုးသုဉ်းပျောက်ကွယ်လုနီးနေသည့် အာရှမျောက်ကောင်ရေတစ်သိန်းအား ပို့ရန်စီစဉ်နေကြောင်းသိရသည်။

တော့မာကာကေး မျောက်များကို အပြည်ပြည်ဆိုင်ရာသဘာဝထိန်းသိမ်းစောင့်ရှောက်ရေးသမဂ္ဂ၏ အနီရောင်စာရင်းတွင်ထည့်သွင်းထားပြီး မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်ရှိသည့်သတ္တဝါများအဖြစ်လည်းသတ်မှတ်ထားသည်။ 

အဆိုပါမျောက်များသည် သီရိလင်္ကာ၌ အစုလိုက် အပြုံလိုက်ရှိ‌နေပြီး ယခုသတင်းနှင့်ပတ်သက်၍ နိုင်ငံတွင်း ထိန်းသိမ်းစောင့်ရှောက်သူများက မကျေမနပ်ဖြစ်နေကြကြောင်းလည်းသိရှိရသည်။သီရိလင်္ကာ၌ တော့မာကာကေးမျောက်အကောင်ရေ သုံးသန်းကျော်ရှိသဖြင့် တရုတ်၏အဆိုပြုချက်အား အစိုးရတာဝန်ရှိသူများက လက်ခံစဉ်းစားပေးရန်တောင်းဆိုထားသည်။

သီရိလင်္ကာ၏စီးပွားရေးအကျပ်အတည်းကြောင့်လည်း မျိုးသုဉ်းလုနီး အာရှမျောက်များ၏ အကောင်ရေကိုထိန်းသိမ်းစောင့်ရှောက်နိုင်ချေမရှိသဖြင့် ပို့ရန်စဉ်းစားသင့်သည်ဟုလည်းဆိုထားသည်။

သီရိလင်္ကာနိုင်ငံသည် ယခုနှစ်တွင် ၎င်း၏မျောက်မျိုးစိတ်သုံးမျိုးအပြင် ဒေါင်း၊ရှဉ့်ဘီလူး၊ ဖြူကောင်နှင့်တောဝက်များအပါအဝင် မျိုးစိတ်အများအပြားကို ဘေးမဲ့စာရင်းမှဖယ်ရှားခဲ့ပြီးလယ်သမားများသည် လိုအပ်ပါက ဤတိရစ္ဆာန်များကိုသတ်နိုင်ကြောင်း ခွင့်ပြုလိုက်သည်ဟုသိရသည်။

တရုတ်နိုင်ငံသည် သီရိလင်္ကာ၏ အကြီးဆုံးမြီရှင်နှစ်နိုင်ငံထဲမှ တစ်နိုင်ငံဖြစ်ပြီး သီရိလင်္ကာအနေဖြင့်အဆိုပါတောင်းဆိုချက်ကို ဖြည့်ဆည်းရန် ကြိုးပမ်းနိုင်ချေရှိသဖြင့် တရုတ်နိုင်ငံသို့ မျောက်များစေလွှတ်ခြင်းသည် ဂေဟစနစ်ကိုထိခိုက်စေနိုင်သည်ဟုလည်း ကျွမ်းကျင်သူအချို့ကသုံးသပ်ပြောကြားကြသည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here