ရုရှား-တောင်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စေရေးအတွက် ယူကရိန်းသို့ မိမိတို့ လက်နက်များထောက်ပံ့ခြင်းမပြုခဲ့ဟု တောင်ကိုရီးယားဆို

0
150

ရုရှားနှင့် ဆက်ဆံရေးတည်ငြိမ်ရန် လိုအပ်သည်ဟု ယူဆသောကြောင့် တောင်ကိုရီးယားမှ ယူကရိန်းသို့ လက်နက်များ ထောက်ပံ့ခြင်းမပြုခဲ့ကြောင်း၊ လက်နက်များ ပေးပို့ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်သည်လည်း ဥပဒေအရ ကန့်သတ်ထားခြင်း မဟုတ်ဘဲ ရုရှား၏ လုပ်ဆောင်ချက်များအပေါ်တွင်သာ မူတည်ကြောင်း တောင်ကိုရီးယား သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အစိုးရပိုင် Yonhap သတင်းဌာနက ဖော်ပြထားသည်။

ယူကရိန်းသို့ တောင်ကိုရီးယားမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ အကူအညီများ ပံ့ပိုးပေးနေကြောင်း သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက မှတ်ချက်ပြုခဲ့သည်။ တောင်ကိုးရီးယားနိုင်ငံ၏ ဥပဒေသည် စစ်ပွဲကာလအတွင်း ပြည်ပနိုင်ငံများသို့ လက်နက်ထောက်ပံ့ခြင်းအား တားမြစ်ထားခြင်းမရှိသလို၊ ခက်ခဲသောအခြေအနေသို့ရောက်ရှိနေသည့် အခြားနိုင်ငံတစ်နိုင်ငံအား စစ်ရေးအကူအညီများ ပေးအပ်ခြင်းကို တားမြစ်ထားသည့် နိုင်ငံခြားရေးဌာန၏ ညွှန်ကြားချက်များလည်းမရှိကြောင်းကို ၎င်းက ထောက်ပြခဲ့သည်။

“ယူကရိန်းပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ကာကွယ်တဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ပေါ်လစီကို ထောက်ခံအားပေးရင်းနဲ့ တစ်ဖက်ကလဲ ရုရှား-တောင်ကိုရီးယား ဆက်ဆံရေး တည်ငြိမ်မှုကို ထိန်းသိမ်းထားဖို့ လိုအပ်နေသေးပြန်တာကြောင့် ကျွန်တော်တို့ အခုလို မလုပ်ရခြင်း ဖြစ်ပါတယ်” ဟု အစိုးရအဖွဲ့က ရှင်းပြခဲ့သည်။

“ကျွန်ုပ်တို့ အဲဒါကို ပြောင်းပြန် တွေးကြည့်လို့ ရပါတယ်၊ အနာဂတ်မှာ ကျွန်တော်တို့ ဆက်လုပ်သွားမှာတွေကတော့ ရုရှားအပေါ် မူတည်လိမ့်မယ်” ဟု အဆိုပါ အကြီးတန်း အရာရှိက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here