ပေကျင်းဆေးရုံမီးလောင်မှု သေဆုံးသူ ၂၉ ဦးအထိရှိလာ, အမှုဆောင်အရာရှိအားထိန်းသိမ်းထား

0
174

ပေကျင်း၊ဧပြီ ၂၀

တရုတ်နိုင်ငံ၏မြို့တော်ပေကျင်းရှိ ဆေးရုံမီးလောင်မှုတွင် သေဆုံးသူ ၂၉ ဦးအထိ များလာခဲ့ကြောင်း မြို့တော်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့သည်။

အဆိုပါမီးလောင်မှုနှင့်စပ်လျဉ်း၍ ဆေးရုံအမှုဆောင်အရာရှိအပါအဝင် လူ ၁၂ ဦးအားထိန်းသိမ်းထားကြောင်းသိရှိရသည်။ယခုမီး‌လောင်မှုသည် ဆေးရုံအတွင်းပိုင်းပြုပြင်ရေးနှင့် အတွင်းလူနာဌာန ပြင်ဆင်တည်ဆောက်နေစဉ်အတွင်း မီးပွားကျရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟုဆိုသည်။

မီးလောင်မှုဖြစ်ပွားစဉ်အတွင်း လူအများသည် ‌မီးဘေးလွတ်ရန်အတွက် အဆောက်အအုံပြင်ပသို့ ကြိုးများဖြင့်တွယ်ဆင်းနေကြသည်ကိုလည်း လူမှုကွန်ရက်ပေါ်ရှိဗီဒီယိုများ၌မြင်ရသည်။မီးဘေးကြောင့်သေဆုံးသွားသူများတွင် အမျိုးသမီး ၁၆ ဦးနှင့် အမျိုးသား ၁၃ ဦးတို့ပါဝင်သည်ဟုလည်းသိရသည်။

သေဆုံးသူ ၂၉ ဦးအနက် ၂၆ ယောက်မှာလူနာများဖြစ်ပြီး နှစ်ဦးမှာဆေးရုံဝန်ထမ်းများဖြစ်ပြီး ကျန်တစ်ဦးမှာ လူနာ၏ဆွေမျိုးဖြစ်ကြောင်း စီစီတီဗွီသတင်းဌာန၏‌ကြေငြာချက်အရသိရှိရသည်။

သေဆုံးသူများ၏ မိသားစုဝင်နှင့်ဆွေမျိုးများအတွက်လည်း သင့်လျော်သည့်အစီအစဉ်များ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။တရုတ်နိုင်ငံ၌ ယခုကဲ့သို့ မီးလောင်ကျွမ်းမှုများသည် မကြာခဏဖြစ်ပေါ်လေ့ရှိပြီး နိုဝင်ဘာလကလည်း တိုက်ခန်းမီးလောင်မှုတစ်ခု၌ လူဆယ်ဦးသေဆုံးခဲ့သေးသည်။

အဆိုပါမီးလောင်ကျွမ်းချိန်၌ ကိုဗစ်စည်းမျဉ်းများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများနှောင့်နှေးခဲ့ရသဖြင့် တင်းကျပ်လှသည့်ကိုဗစ်စည်းကမ်းများအား ဆန္ဒပြမှုများလည်းဖြစ်ပေါ်ခဲ့သေးသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here