“မင်္ဂလာရန်ကင်း” ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို ငှာရမ်းလိုသူများ မေ (၁၉) ရက် နောက်ဆုံးထား၍ လျှောက်လွှာတင်ရမည်

0
294

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာအနီးရှိ “မင်္ဂလာရန်ကင်း” ပြည်သူ့အငှားအိမ်ရာတွင် ငှားရမ်းနေထိုင်လိုသူများအနေဖြင့် လာမည့် ဧပြီလ (၂၅) ရက်မှ မေလ (၁၉) ရက်အထိ လျှောက်လွှာများ လျှောက် ထားနိုင်ကြောင်း သိရသည်။

ယင်း ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား ပြည်သူများ၊ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများနှင့်အငြိမ်းစား ဝန်ထမ်းများအား ငှားရမ်းပေးသွားမည်ဖြစ်ပြီး
ငှားရမ်းလိုသူများအတွက် ငှားရမ်းခွင့်လျှောက်လွှာများကို အောင်မြေသာစံမြို့နယ်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် ဧပြီလ (၁၈) ရက်မှ မေလ (၁၇) ရက်အထိ ရုံးချိန်အတွင်းရောင်းချပေးလျက်ရှိသည်။

အဆိုပါ လျှောက်လွှာများအား ဧပြီလ (၂၅) ရက်မှ မေလ (၁၉) ရက်အတွင်း ပြန်လည်လက်ခံသွားမည်ဖြစ်‌ကြောင်း “မင်္ဂလာရန်ကင်း” ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာချထားရေး ကော်မတီက အသိပေးကြေညာထသည်။

အဆိုပါ “မင်္ဂလာရန်ကင်း” ပြည်သူ့အငှားအိမ်ရာအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်သူများ နေထိုင်ရေးအဆင်ပြေစေရန် အကောင်အထည်ဖော်တည်ဆောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“မင်္ဂလာရန်ကင်း”ပြည်သူ့အဌားအိမ်ရာ၌ တိုက်အလုံးရေ (၉၁) လုံးရှိကာ အိမ်ခန်းပေါင်း (၁၄၅၆) ခန်းရှိကာ အိမ်ရာနှင့်ပတ်သက်၍ သိရှိလိုပါက ဖုန်း ဝ၉-၉၆၅၆၉၆၄၀၆၊ ဝ၉-၂၅၄၂၂၇၈၅၉ တို့သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here