နမ့်ဆန်မြို့နယ်၌ ယနေ့နံနက်ပိုင်းဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် လေဖြတ်နေသည့် သက်ကြီးရွယ်အိုတစ်ဦး သေဆုံး

0
219

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ငွန်ဆိုင်းကျေးရွာတွင် ယနေ့ ဧပြီလ (၂၁) ရက် နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာတွင် လေဖြတ်နေသည့် သက်ကြီးရွယ်အိုတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။

နမ့်ဆန်မြို့နယ်၊ ငွန်ဆိုင်းကျေးရွာတွင် ယနေ့နံနက် (၃) နာရီဝန်းကျင်က နေအိမ်များမီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ နမ့်ဆန်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် (၅) နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်ဟု သိရသည်။

“မီးလောင်ချိန်ကနေ မီးငြိမ်းသွားတဲ့အထိ (၂) နာရီခွဲကျော်လောက်ကြာတယ်။ လေဖြတ်နေတဲ့ အဘိုးတစ်ယောက် မီးလောင်ပြီးသေဆုံးသွားပါတယ်။ လက်ရှိကတော့ မီးလောင်ပြင်မှာ ရှင်းလင်းရေးတွေလုပ်နေဆဲ “ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိနေသည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

မီးလောင်မှုကြောင့် လေဖြတ်နေသည့် အဘိုးတစ်ဦးသေဆုံးကာ နေအိမ် (၄) လုံးလည်း မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here