သင်္ကြန်ကာလအပြီး (၅) ရက်အတွင်း စက်သုံးဆီဈေး နှုန်း (၁၀၀) ကျော် ပြန်လည်ကျဆင်းလာ

0
177

သင်္ကြန်ကာလအပြီး (၅) ရက်အတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ၁၀၀ ကျပ် ကျော် ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

ယနေ့ ဧပြီလ (၂၁) ရက် စက်သုံးတင်သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည့် ပြည်တွင်း စက်သုံးဆီဈေးများနှုန်းမှာ ၉၂ တစ်လီတာ ၂၀၆၅ ကျပ် ၊ ၉၅ တစ်လီတာ ၂၁၆၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၁၉၉၅ ကျပ် ၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၂၀၇၅ ကျပ် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဈေးနှုန်းများမှာ ပြီးခဲ့သည့် ဧပြီလ (၁၇) ရက် နှစ်ဆန်း (၁) ရက်က ဈေးနှုန်းနှင့် နှိုင်းယှဉ်မည်ဆိုပါက ၉၂ တစ်လီတာကို ၁၇၀ ကျပ်၊ ၉၅ တစ်လီတာကို ၁၄၀ ကျပ်၊ပရီမီယံ ဒီဇယ်နှင့် ရိုးရိုး ဒီဇယ်တစ်လီတာကို ၁၀၀ ကျပ် ဝန်းကျင် ပြန်လည် ကျဆင်းလာခြင်း ဖြစ်သည်။

ယမန်နေ့ ဧပြီလ (၂၀) ရက် ဈေးကွက်အတွင်း ရောင်းချခဲ့သည့် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၁၂၅ ကျပ် ၊ ၉၅ တစ်လီတာ ၂၂၂၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၀၃ ၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၁၁၀ ကျပ်တို့ ဖြစ် ပြီး ဧပြီလ (၁၉) ရက်နေ့စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ ၂၁၄၅ ကျပ်၊ ၉၅ တစ်လီတာ ၂၂၄၀ ကျပ်၊ ဒီ ဇယ်တစ်လီတာ ၂၀၆၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၁၄၀ ကျပ်ဖြစ်ကြောင်း သိရသည်။။

ပြီးခဲ့သည့် ဧပြီလ (၁၇) ရက် နှစ်ဆန်းတစ်ရက်‌ ဈေးကွက်အတွင်း ရောင်းချခဲ့သည့် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ ၂၂၃၅ ကျပ်၊ ၉၅ တစ်လီတာ ၂၃၀၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၀၉၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၁၇၅ ကျပ်ပြီး ဧပြီလ (၁၈) ရက် စက်သုံးဆီဈေး နှု န်းများမှာ ၉၂ တစ်လီတာ ၂၁၇၅ ကျပ်၊ ၉၅ တစ်လီတာ ၂၂၇၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၀၇၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၁၅၀ ကျပ်တို့ ဖြစ်ကြောင်း ဈေးကွက်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ပြည်တွင်းရှိ စက်သုံးဆီဈေးကွက်အတွင်း ရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို ဈေးကစားခြင်း၊ သိုလှောင်ထားရှိခြင်းများ ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို့ ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းလည်းစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here