ထိုင်းနှင့် တရုတ်သို့ ကြက်သွန်နီများပြန်လည်တင်ပို့

0
261

ယနေ့တွင် နယ်စပ်ဂိတ်များမှတစ်ဆင့် ထိုင်းနှင့်တရုတ်သို့ ကြက်သွန်နီများပြန်လည်တင်ပို့နေပြီဖြစ်ကြောင်း ရွှေပြည့်အောင်ပွဲရုံမှ သိရသည်။

သင်္ကြန်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ရပ်နားထားခြင်းမရှိသော်လည်း ကုန်သည်အများစုသည် နေရပ်သို့ပြန်ကြသည့်အတွက် လုပ်ငန်းလည်ပတ်မှုအနည်းငယ်သာရှိကြောင်း သိရသည်။

လက်ရှိဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းမှာ ၁၀၀၀ နှင့် ၁၁၀၀ ကြားရှိပြီး ပစ္စည်းညံ့သည့်ကြက်သွန်ဈေးနှုန်းမှာ ၈၀၀ ပတ်ချာလည်တွင်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် ယမန်နှစ်ထက် ကြက်သွန်နီ ထွက်နှုန်းမှာ ၂ ဆခန့် ပိုလာသောကြောင့် သိုလှောင်ရန်ဝယ်ယူမှုအတွက် ဈေးကွက်နှင့် ကြက်သွန်နီအရည်အသွေးကို ကုန်သည်များက စောင့်ကြည့်နေကြကြောင်း သိရသည်။

ယခုဈေးကွက်အတွင်းရှိ ကြက်သွန်နီများမှာ တစ်ဧကလျင် ပိသာချိန် ၂၀၀၀ မှ ၃၀၀၀ ထိ ထွက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here