သင်္ကြန်ကာလအတွင်း ခရီးသည်တိုင်ကြားမှု ၂၄ မှုရှိဟုဆို

0
215

သင်္ကြန်ကာလအတွင်း ခရီးသည်တိုင်ကြားမှု ၂၄ မှုရှိပြီး ယင်းတွင် ယာဉ်စီးခပိုတောင်းသည့် အမှုများဖြစ်ကြောင်း YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

“ ယာဉ်စီးခကို ၁၀၀၀ တောင်းလို့ဆိုပြီး တိုင်ကြားထားတာတွေရှိပါတယ်။ ကျွန်တော်တို့ အဲဒီယာဉ်လိုင်းက တာဝန်ရှိသူနဲ့ ယာဉ်မောင်းကို ခေါ်ထားပါတယ်”ဟု ၎င်းကပြောသည်။

မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်လိုင်းပေါင်း ၆၃ လိုင်း၊ ယာဉ်အစီးရေ ၁၂၈၈ စီးဖြင့် ပြေးဆွဲပေးခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ယာဉ်စီးခကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံခြင်းမပြုရန် ယာဉ်လိုင်းအားလုံးကို ညွှန်ကြားထားပြီးဖြစ်ကာ ပိုမိုတောင်းခံပါက CNG ပိတ်သိမ်းခြင်းနှင့်ယာဉ်လိုင်းမှ ရာသက်ပန် ထုတ်ပယ်သွားသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးထားသည်။

YRTC မှ သတ်မှတ်နှုန်းထားထက် ယာဉ်စီးခကို ပိုမိုကောက်ခံခြင်းမပြုရန် ညွှန်ကြားထားသော်လည်း နှစ်တိုင်းသင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုတောင်းသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ခရီးသည်တိုင်ကြားမှုမှာ အမြဲရှိနေကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here