City Taxi အဖြစ် အစီးရေ (၂၀၀၀၀) ကျော် လာရောက်မှတ်ပုံတင်ထား

0
181

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်များအနက်မှ City Taxi အဖြစ် လာရောက်မှတ်ပုံတင်သည့် ယာဉ်အစီးရေ ၂၀၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ် အစီးရေ (၆၀၀၀၀) နီးပါးရှိပြီး ယင်းအထဲမှ ယာဉ်အစီးရေ (၂၀၀၀၀) ကျော်သာလာရောက်မှတ်ပုံတင်ထားခြင်း ဖြစ်ကြောင်းလည်း ယင်းကော်မတီမှ သိရသည်။

အဆိုပါ City Taxi အဖြစ်မှတ်ပုံတင်ခြင်း အစီအစဉ်ကို အချိန်ကာလ သတ်မှတ်ထားခြင်း မရှိသော်လည်း နောက်ပိုင်းတွင် မှတ်ပုံမတင်သည့် တက္ကစီယာဉ်များကို ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီနှင့် ပူးပေါင်းကာအရေးယူဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် မှတ်ပုံတင်လာရောက်ပြုလုပ်ရန် အသိပေးထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်များကို စည်းကမ်းနှင့်အညီ စနစ်တကျပြေးဆွဲနိုင်ရန်၊ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်သည့် City Taxi ယာဉ်များဖြစ်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ စနစ်တကျစီမံမှုပြုလုပ်နိုင်ရန်အတွက် မှတ်ပုံတင်ပြုလုပ်ခိုင်းခြင်းဖြစ်ကြောင်းလည်း ဦးလျန်ကျင့်မန်က ရှင်းပြသည်။

ထို့အပြင် City Taxi ယာဉ်များ၏ ဘေးစတေကာနံပါတ်များကိုလည်း မြို့နယ်အလိုက် သတ်မှတ်သင်္ကေတ နံပါတ်များဖြင့် ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here