ပြည်နယ်နှင့်တိုင်း ၁၁ ခုတွင် မိုးရွာမည်

0
267

ယနေ့ ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းထုတ်ပြန်ချက်အရ ယနေ့ညနေအထိ ခန့်မှန်းချက်များအနေဖြင့် ပြည်နယ်နှင့်တိုင်း ၁၁ ခုတွင် မိုးရွာမည်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်ဖြစ်ကြောင်း သိရသည်။

ရွာရန်ရာနှုန်း(၈၀) ဖြစ်ပြီး နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်းတို့မှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ ယင်းအပြင် လာမည့် ၂ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း ၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ကြောင်း အသိပေးထားသည်။

ယင်းအပြင် နိုင်ငံတစ်ဝန်း အပူချိန်ဆက်လက်မြင့်တက်နိုင်ပြီး ယမန်နေ့ ဧပြီလ ၂၀ ရက် ထူးခြားအပူချိန်များမှာ မြင်းခြံမြို့ (၄၅ ဒီဂရီစင်တီဂရိတ်)၊ ညောင်ဦးမြို့ (၄၅ ဒီဂရီစင်တီဂရိတ်) ၊ ချောက်မြို့( ၄၅ ဒီဂရီစင်တီဂရိတ်)၊ ကလေးဝမြို့၊ တမူးမြို့၊ မင်းကင်းမြို့ ၊ ရွှေဘိုမြို့ ၊ မုံရွာမြို့၊ဂန့်ဂေါမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့တွင် ( ၄၄ ဒီဂရီစင်တီဂရိတ်)ထိဖြစ်ပြီး ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် မြင့်တက်ခဲ့ကြောင်းသိရသည်။

ယခုရက်ပိုင်း နိုင်ငံတစ်ဝန်းရှိ မြို့ကြီးတချို့တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်လွန်ခဲ့ပြီး အပူချိန်ကြောင့် အပူလျှပ် သတိလစ်ပြီး သေဆုံးမှုတွေရှိခဲ့ကြောင်းလည်း သိရသည်။

ယင်းအပြင် အပူဒဏ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆောင်ရန် ရှောင်ရန်တွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာထားပြီး အပူချိန်အမြင့်ဆုံးဖြစ်တဲ့ မွန်းတည့် ၁၂ နာရီကနေ နေ့လယ် ၃ နာရီအချိန်ထိ အပြင်မထွက်ရန် လိုအပ်ကြောင်း၊ အပြင်သို့ မဖြစ်မနေထွက်ရှိပါက အကာအကွယ်၊ ထီး၊ ဦးထုပ်ဆောင်းသွားရန်၊ ခန္ဓာကိုယ်ဓာတ်ဆားရည်မဆုံးရှုံးစေရန် ဓာတ်ဆားရည်ပြန်လည်ဖြည့်တင်းရန် စသည့်ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here