၁၅ မှတ်လျော့ခံရတဲ့ ပြစ်ဒဏ်ကင်းလွတ်သွားလို့ အဆင့် ၇ ကနေ အဆင့် ၃ ထိ တက်ရောက်နိုင်ခဲ့တဲ့ ဂျူဗင်တပ်

0
190

အီတလီစီးရီးအေ ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ အပြောင်းအရွှေ့ကိစ္စများနဲ့ ငွေကြေးသုံးစွဲမှုတွေမှာ စာရင်းလိမ်ညာခဲ့တယ်ဆိုပြီး ယခုရာသီမှာ ၁၅ မှတ် လျော့ခံခဲ့ရပါတယ်။

ဒါပေမယ့် တာဝန်ရှိသူတွေက ပြစ်ဒဏ်က ကင်းလွတ်ခွင့်ပေးခဲ့တာကြောင့် အဆင့် ၇ ကနေ အဆင့် ၃ ထိ ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းဟာ အပြောင်းအရွှေ့ကိစ္စတွေနဲ့ ငွေကြေးသုံးစွဲမှုတွေမှာ စာရင်းလိမ်ညာပြီး ခဝါချမှုတွေရှိခဲ့တယ်လို့ စစ်ဆေးတွေ့ရှိရတာကြောင့် တရားရုံးက ၁၅ မှတ်လျော့ချဖို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတုန်းက သက်မှတ်ခဲ့တာကြောင့် ဂျူဗင်တပ်အသင်းဟာ ၁၅ မှတ်နှုတ်ခံရအပြီးမှာ ရမှတ် ၂၂ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ အထိ ဆင်းခဲ့ရပါတယ်။

ဒါပေမယ့် ၁၅ မှတ်ပြန်လည် ဖြည့်တည်းပေးအပြီးမှာဂျူဗင်တပ်အသင်းဟာ ရမှတ် ၅၉ မှတ်နဲ့ အဆင့် ၃ အထိပြန်လည်ရောက်ရှိလာပြီး ချန်ပီယံလိဂ်ဝင်ခွင့် အသက်ဆက်နိုင်ခဲ့ပြီဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here