မြန်မာပြည်သိန်းတန် ရု ပ် ရှ င် ရို က် ပြီ

0
248

theint

လက်ရှိမှာတော့ မြန်မာပြည်သိန်းတန်က “ဖက်ရှင်” လို့ အမည်ပေးထားတဲ့ ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးနေပါတယ်။ ဖက်ရှင်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးပေးဖို့အတွက် အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးက ကမ်းလှမ်းခဲ့ခြင်းဖြစ်တယ်လို့ဆိုတဲ့အပြင် သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ဆန်းသစ်တဲ့ ဖက်ရှင်တွေကို အစပြုပြီးတော့ ဇာတ်လမ်းတည်ဆောက်ကာရုပ်ရှင်ရိုက်ကူးဖို့အတွက် ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဇာတ်ကားတည်ဆောက်မှုအရ ရယ်ရွှင်စရာ ဟာသတွေနဲ့အတူ ဂီတ၊ မိဘမေတ္တာဘွဲ့နဲ့ ဒရာမာတွေ ပါဝင်မှာဖြစ်တာကြောင့် စိတ်ဝင်တစားလက်ခံလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖက်ရှင် ရုပ်ရှင် ဇာတ်ကားဟာ သူ့ရဲ့ပထမဦးဆုံး ရုပ်ရှင် ဇာတ်ကားဖြစ်တယ် လို့လည်း ဆိုပါတယ်။ ဒါ့အပြင် မြန်မာပြည်သိန်းတန် ရဲ့ဇနီး ဖြစ်သူ နုနန္နာသိန်း ဟာလည်း အခုရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်ဖြစ်တာက ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းစဉ်ကတည်းက ဇနီးမောင်နှံ နှစ်ဦးရဲ့ ဖက်ရှင်ကိုအခြေခံပြီး ရိုက်ကူးတာဖြစ်တဲ့အတွက် နှစ်ဦးစလုံးကို ပါဝင်ဖို့ ကမ်းလှမ်း ခဲ့တာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

” ဒီဇာတ်ကားထဲမှာ ဦး ရေးစပ်သီကုံးထားတဲ့ သီချင်းသစ်တစ်ပုဒ် ပါဝင်မှာဖြစ်ပါတယ်။ ဇာတ်ကားထဲက ဇာတ်ဝင်ခန်း ထဲမှာ ပါဝင်မှာဖြစ်ပါတယ်။ ဒီသီချင်းထဲမှာ ဦးရဲ့ဂီတ နောက် ကြောင်းလို့ ဆိုရမယ့် ငယ်ငယ်က ဂီတနယ်မြေထဲကို ကျွန် တော် ဘယ်လိုရောက်ခဲ့သလဲ ဆိုတာကို ရေးစပ်ထားခဲ့တာက အဓိက အချက်ပေါ့။ ဒီသီချင်းလေးကို နားထောင်လိုက်တာ နဲ့ ဦး ငယ်ငယ်က လျှောက်လှမ်းခဲ့တဲ့ ဂီတသရုပ်လေးကို သီချင်းလေးထဲကနေ ခံစားခွင့်ရမယ်။ နောက်ပြီးတော့ ရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဖြစ်လိုတဲ့ သဏ္ဌန်လေးနဲ့လည်း ရေးထားတယ်။ ဂီတ နဲ့ ရုပ် ရှင် နှစ်ခုကို ပေါင်းစပ်ပြီးတော့ ရေးထားတာပေါ့” လို့ မြန်မာပြည် သိန်းတန် ကပြောပါတယ်။ အဲ့ဒီသီချင်း အသစ် “မင်းသားလေးလား၊ အဆိုတော်လေးလား” ကို The Three တီးဝိုင်းနဲ့ တီးခတ်ခဲ့တာဖြစ်ပြီး နောက်ခံ ဟာမိုနီတွေ လည်းပါဝင်တဲ့ အပြင် ရုပ်ရှင်ထုတ်လုပ်သူတွေ ကိုယ်တိုင်ကလည်း ကြိုက်နှစ်သက်တယ်လို့ဆိုပါတယ်။

ထက်လူ
ဓာတ်ပုံ-မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here