ယခုအချိန်သည် ယူကရိန်းနေတိုးအဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးနေရမည့်အချိန်မဟုတ် : ဂျာမန်ကာကွယ်ရေးဝန်ကြီး

0
160

ဘာလင်၊ဧပြီ ၂၁

ရုရှားနှင့်စစ်ပွဲတစ်လျှောက် ယူကရိန်းကိုပံ့ပိုးပေးသည့် အနောက်မဟာမိတ်အဖွဲ့ဝင်တစ်နိုင်ငံဖြစ်သည့်ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ်တိုရီးယပ်စ်က နေတိုးအဖွဲ့၌ ယူကရိန်းအဖွဲ့ဝင်ဖြစ်လာစေရေးကို အလျင်အမြန်ဆုံးဖြတ်ရေးအား ပယ်ချခဲ့ကြောင်းသိရသည်။

ကိဗ်အနေဖြင့်မူ စစ်မဟာမိတ်နေတိုးအဖွဲ့က ယူကရိန်းကို အဖွဲ့ဝင်ဖြစ်ခွင့်ပြုစေချင်နေခဲ့သော်လည်း ယူကရိန်းက နေတိုးအဖွဲ့ဝင်ဖြစ်ရေးသည် ယခုကဲ့သို့ အရေးတကြီးဆုံးဖြတ်ရမည်မဟုတ်ဘဲ ခေါင်းအေးအေးထား၍ စဉ်းစားရမည့်ကိစ္စမျိုးဖြစ်ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီးကဆိုသည်။

နေတိုး တွင် ဖြစ်စေ ဥရောပသမဂ္ဂတွင် ဖြစ်စေ ယူကရိန်းကို အဖွဲ့ဝင် ခွင့်ပြုရေး မပြုရေး ဆုံးဖြတ်ချက်ကို ယခုတစ်ကြိမ်ကျင်းပမည့် ကာကွယ်ရေးအဖွဲ့အစည်းအဝေး၌ ထည့်သွင်းဆုံးဖြတ်မည်မဟုတ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

နေတိုးအကြီးအကဲသည် ၎င်း၏ယူကရိန်းခရီးစဉ်အတွင်း ဇလန်းစကီးအား ဇူလိုင်လ၌ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးသို့ဖိတ်ကြားခဲ့ကာ ယူကရိန်း ကို နေတိုးအဖွဲ့ဝင်ဖြစ်ရေးနှင့် ၎င်းအတွက် ခိုင်မာသောလုံခြုံရေးအာမခံချက်များကို ထိပ်သီးအစည်းအဝေးအစီအစဉ်၌ မြှင့်တင်ဆွေးနွေးသွားမည်ဟုပြောကြားခဲ့ပြီးနောက် ပစ်တိုးရီးယပ်စ် ၏မှတ်ချက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here