မြန်မာနိုင်ငံမှ အရုဏ်မတက်ခင်အချိန်အထိ ကြယ်မိုးရွာခြင်းကိုမြင်တွေ့နိုင်ဟုဆို

0
259

ဧပြီလ ၂၂ ရက်နေ့ အရုဏ်မတက်ခင်အချိန်အထိ မြန်မာနိုင်ငံမှ ကြယ်မိုးရွာခြင်းကိုမြင်တွေ့နိုင်ကြောင်း နာဆာမှထုတ်ပြန်ထားသည်။

ကြယ်မိုးရွာခြင်း သ့ိုမဟုတ် Lyrid Meteror Shower ဆိုသည့်ဖြစ်စဉ်ကို တစ်ကမ္ဘာလုံးနီးပါးကနေ ဧပြီလ ၁၄ ရက်မှ ၃၀ ရက်အတွင်း တွေ့မြင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ကြယ်မိုးရွာခြင်းကို ဧပြီလ ၂၂ ရက် အရုဏ်မတက်ခင်အချိန်အထိ တွေ့နိုင်ကြောင်း ဆိုထားသည်။

တစ်နာရီအတွင်း အများဆုံးကြယ်အလုံးရေ ၁၈ လုံးအထိ ကြွေကျခြင်းကို တွေ့မြင်နိုင်ကြောင်း၊ ဓာတ်ပုံသမားများအနေဖြင့် ကြယ်မိုးရွာခြင်းကို ဓာတ်ပုံရိုက်နိုင်ရန်အတွက် မြိုပြမီးရောင်များ၊ လမ်းမီးများနှင့် ဝေးကွာသည့် နေရာကနေ စောင့်ကြည့်မှတ်တမ်းတင်နိုင်ကြောင်း နာဆာက အကြံပြုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here