ရုရှားလေတပ် ကိုယ့်မြို့ကိုယ် မှားယွင်းတိုက်ခိုက်မိ

0
143

ရုရှားလေတပ်သည် ယူကရိန်းနယ်စပ်နှင့်နီးသော ရုရှားနိုင်ငံ၏ Belgorod မြို့ပေါ်သို့ မှားယွင်း၍ လေကြောင်းမှတိုက်ခိုက်မိသဖြင့် ဒေသခံ ၂ ဦးခန့် ဒဏ်ရာရရှိသွားကြောင်းသိရသည်။

Belgorod မြို့သည် ရုရှား-ယူကရိန်းနယ်စပ်မှ အရှေ့ဖက် ၂၅ မိုင်ခန့်ဝေးသောနေရာတွင် တည်ရှိကာ လူဦးရေ ၃သိန်းခွဲခန့်နေထိုင်သောမြို့ဖြစ်သည်။ ယင်းမြို့ကို Su-34 တိုက်လေယာဉ်များက မတော်တဆ မှားယွင်းတိုက်ခိုက်မိခြင်းဖြစ်ကြောင်း ဒေသအုပ်ချုပ်ရေးမှူးက သူ၏ တယ်လီဂရမ်အကောင့်တွင် ရေးသားထားသည်။

ယင်းဖြစ်ရပ်မှာ ကြာသပတေးနေ့နှောင်းပိုင်းက ဖြစ်ပွားခဲ့ပြီး၊ ပေါက်ကွဲမှုများမှာပြင်းထန်ကာ မြို့နေ ဒေသခံများ ယခင်က မကြုံခဲ့ဖူးသည့် ပေါက်ကွဲမှုမျိုးဖြစ်ကြောင်းဆိုသည်။

မော်တော်ယာဉ်အချို့နှင့် အဆောက်အအုံတစ်ခု ပျက်စီးခဲ့ပြီး၊ အချို့ကားများမှာ အနီးရှိ စတိုးဆိုင်ခေါင်မိုးပေါ်သို့ ရောက်ရှိကုန်ကြောင်း သိရသည်။

ထို့ကြောင့် ဒေသခံ ၂ဦး ဒဏ်ရာရရှိခဲ့ပြီး၊ နောက်တစ်ဦးမှာမူ သွေးတိုးနှုန်းမြင့်မားသွားသဖြင့် ဆေးရုံသို့ပို့ကာ ကုသမှုပေးထားရကြောင်း ဒေသအာဏာပိုင်များကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here