ရန်ကုန် – မန္တလေး အမြန်လမ်းတွင် (၃) လကျော်အတွင်းယာဉ်မတော်တဆမှု (၆၀) နီးပါး ဖြစ်ပွားကာ (၄၀) ကျော် သေဆုံးပြီး (၁၂၀) ကျော် ဒဏ်ရာရ

0
301

၂၀၂၃ ခုနှစ်အတွင်း ဇန်နဝါရီလမှ ဧပြီလ (၁၈) ရက်အထိ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုပေါင်း (၅၈) မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၄၃) ဦးနှင့် ဒဏ်ရာရသူ (၁၂၄) ဦးရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည့် လအလိုက် ယာဉ်မတော်တဆမှုများအရ ဇန်နဝါရီလတွင် (၁၃) မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၁၄) ဦးနှင့် သေဆုံးသူ(၈) ဦး၊ ဖေဖော်ဝါရီလတွင် (၁၂) မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၁၅) ဦးနှင့် သေဆုံးသူ (၁၁) ဦး၊ မတ်လအတွင်း(၁၅) မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၆၀) ဦးနှင့် သေဆုံးသူ (၁၁)ဦး၊ ဧပြီလ (၁) ရက်မှ (၁၈) ရက်အထိ ယာဉ်မတော်တဆမှု (၁၈) မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၃၅)ဦးနှင့် သေဆုံးသူ (၁၃ ) ဦးရှိကြောင်း သိရသည်။

အဆိုပါ ရန်ကုန် – မန္တလေး အမြန်လမ်းမပေါ်က ယာဉ်မတော်တဆမှု အများစုမှာ သတ်မှတ်ထားသည့် အရှိန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း၊ ယာဉ်ကြံ့ခိုင်မှု မရှိခြင်းနှင့် ယာဉ်မောင်းပေါ့ဆမှုတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိတွင် ယာဉ်မတော်တဆမှု လျော့နည်းစေရန် အတွက် ယာဉ်မောင်းများ သတ်မှတ်ကီလိုထက် ကျော်လွန်မောင်းနှင်ခြင်းမရှိစေရန် အရှိန်နှုန်းတိုင်းတာသည့် စက်များကို အမြန်လမ်းရှိ တိုးဂိတ်များတွင် တပ်ဆင်ထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here