စစ်ပွဲများ ဖြစ်ပွားနေသည့်ဆူဒန်ရှိဂျပန်များကိုပြန်ခေါ်ရန် ဂျပန်ကာကွယ်ရေးလေယာဉ်နှစ်စင်းထွက်ခွာ

0
123

တိုကျို၊ဧပြီ ၂၂

ဂျပန်နိုင်ငံသည် စစ်ရေးပဋိပက္ခများဖြစ်ပွားနေသည့် ဆူဒန်နိုင်ငံမှ ၎င်း၏နိုင်ငံသားများကိုကယ်ထုတ်နိုင်ရန် ပြင်ဆင်နေပြီး ဂျပန်ကာကွယ်ရေးတပ်ဖွဲ့၏ နောက်ထပ်လေယာဉ်နှစ်စင်းသည် ဂျီဘူတီမြို့သို့ထွက်ခွာသွားပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့အထိ ဆူဒန်နိုင်ငံ၌ သံရုံးဝန်ထမ်းများအပါအဝင်  ဂျပန်နိုင်ငံသားစုစုပေါင်း ၆၃ ဦးရှိနေသေးကြောင်း အစိုးရအရာရှိတစ်ဦးကပြောကြားခဲ့သည်။

C–2 သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းနှင့် KC–767 ဝေဟင်ဆီဖြည့်လေယာဉ်တစ်စင်းတို့သည် သောကြာနေ့ကတည်းက ဂျိုဘူတီသို့ထွက်ခွာသွားသည့် C–130 သယ်ယူပို့ဆောင်ရေးလေယာဉ်နှင့်အတူ ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဝန်ကြီးဌာနသည် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တာဝန်ယူရမည့် တပ်ဖွဲ့တစ်ဖွဲ့ကိုလည်း မြေပြင်၊ဝေဟင်ကာကွယ်ရေးတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်ပေါင်း ၃၇၀ ခန့်ဖြင့်ဖွဲ့စည်းထားကြောင်းသိရသည်။

Source : Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here