လယ်ဝေးမြို့နယ်ရှိ လေဘေးသင့်ကျေးရွာ ၂ ရွာသို့ နစက ဥက္ကဋ္ဌယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

0
238

နေပြည်တော်၊လယ်ဝေးမြို့နယ်၌ ဧပြီ ၂၁ ရက်ည ၆ နာရီကျော်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် တံတားဦးကျေးရွာနှင့်အောင်မြင်ကုန်းကျေးရွာတို့တွင် လူသေဆုံးထိခိုက်ဒဏ်ရာရရှိမှုနှင့်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ဖြစ်ပေါ်ခဲ့သဖြင့် ဧပြီ ၂၂ ရက်(ယနေ့)နံနက်ပိုင်းတွင် နစက ဥက္ကဋ္ဌမှ လေပြင်းတိုက်ခတ်မှုဖြစ် ပွားခဲ့သည့် တံတားဦးကျေးရွာနှင့်အောင်မြင်ကုန်းကျေးရွာတို့သို့ သွားရောက်ကြည့်ရှုကာ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအား မြန်ဆန်စွာပြုလုပ်ရန် မှာကြားခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် တံတားဦးကျေးရွာ၌ အမျိုးသမီး ၂ ဦးသေဆုံးကာ ၄၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့်နေအိမ် ၇၇ လုံး၊အောင်မြင်ကုန်းကျေးရွာတွင် အမျိုးသား ၂ ဦး၊အမျိုးသမီး ၂ ဦးတို့သေဆုံးကာ ၆၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊စာသင်ကျောင်း ၁ ကျောင်း၊ကျေးလက်ဆေးပေးခန်း ၁ လုံးနှင့်နေအိမ် ၁၅၅ လုံးတို့ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘုရားစေတီအချို့မှာလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုများကို လုံခြုံရေးအဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းဝင်များနှင့်တာဝန်ရှိသူများက ဝိုင်းဝန်းရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ထိခိုက်ဒဏ်ရာရရှိထားသည့် အမျိုးသား၊အမျိုးသမီး ၁၀၉ ဦးတို့အား လယ်ဝေးမြို့နယ်ကုတင်(၁၀၀)ဆေးရုံနှင့်ဇဗ္ဗူသီရိမြို့နယ်ကုတင် (၁၀၀၀)ဆေးရုံတို့သို့ လူမှုကူညီရေးအသင်းကားများဖြင့်ပို့ဆောင်ပေးခဲ့ကြပြီး တာဝန်ရှိသူများမှ စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here