ယူကရိန်းအား နေတိုးထဲ သွင်းရန် အဖွဲ့ဝင်အားလုံးက သဘောတူညီလိုက်ပြီ – နေတိုး အတွင်းရေးမှူး ချုပ် ယန် စတိုတန်ဘတ်

0
255

နေတိုး မဟာမိတ်အဖွဲ့သို့ ယူကရိန်း ဝင်ရောက်လာမည့် အစီအစဉ်ကို အဖွဲ့ဝင်အားလုံးက သဘောတူညီခဲ့ကြောင်း နေတိုး အတွင်းရေးမှူးချုပ် ယန် စတိုတန်ဘတ်က ဧပြီလ ၂၁ ရက် သောကြာနေ့က ပြောလာခဲ့သည်။

ယူကရိန်းသည် ယခုလက်ရှိဖြစ်ပွားနေသော စစ်ပွဲ ပြီးဆုံးသွားပါက ရုရှားဘက်မှ ထပ်မံ တိုက်ခိုက်လာခြင်းတို့ကို တားဆီးနိုင်ရန်အတွက် အာမခံတစ်ခုလိုအပ်နေပြီး နေတိုးအဖွဲ့ဝင် ဖြစ်လာခြင်းက ထိုလိုအပ်ချက်ကို ဖြည့်ပေးနိုင်မည်ဟု စတိုတန်ဘတ်က ဆိုသည်။

ထို့ပြင် စတိုတန်ဘတ်က နေတိုးမဟာမိတ်များသည် စစ်ပွဲပြီးဆုံးသည်နှင့် ယူကရိန်းအား အဖွဲ့ထဲသို့ သွင်းမည့် အစီအစဉ်ကို သဘောတူညီခဲ့ပြီး ဇလန်စကီးအား ဇူလိုင်လတွင် ကျင်းပမည့် နေတိုးတပ်ဖွဲ့၏ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်ရန်အတွက်ပါ ဖိတ်ကြားခဲ့ပြီ ဖြစ်ကြောင်း ပြောခဲ့သည်။

စတိုတန် ဘတ်ဂျ်သည် ကြာသပတေးနေ့တွင် ယူကရိန်းသို့ တိတ်တဆိတ် သွားရောက်လည်ပတ်ကာ ဇလန်စကီးနှင့် တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားလာခြင်း ဖြစ်သည်။

ယူကရိန်းသို့ လက်နက်အကူအညီများ ဆက်လက်ပေးပို့မည့် အစီအစဉ်များကိုမူ မကြာမီ ပြုလုပ်တော့မည့် ဂျာမနီရှိ ရမ်စတိုင်း လေတပ်စခန်း အစည်းအဝေး ပြီးနောက် ကြေညာသွားဖွယ်ရှိသည်။

Source: Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here