ဆိုလာနှင့်ဆက်စပ်ပစ္စည်းများတင်သွင်းမှုအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ပြု

0
787

ပြည်တွင်းလျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းမှုအပေါ် အကောက်ခွန် ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။

အဆိုပါ အမိန့်ကြော်ငြာစာကို ဧပြီလ ၂၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အကောက်ခွန်ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုမည့် ဆိုလာနှင့်ဆက်စပ်စာရင်းမှာ နေရောင်ခြည်စွမ်းအင်များ ထုတ်လုပ်ပေးနိုင်သည့်အချပ်များ၊ နေရောင်ခြည်စွမ်းအင်သုံး ပေါင်းစပ်ထိန်းချုပ်ကိရိယာ၊ နေရောင်ခြည်စွမ်းအင်သုံး အင်ဗာတာ( စထရင်း/ ပေါင်းစပ်/ ဘတ္ထရီ/နှစ်မျိုးသုံး/ပင်မ)၊ အိမ်သုံးတပ်ဆင်မှုပုံစံများ(ခေါင်မိုးနှင့် မြေပြင်တွင်တပ်ဆင်ခြင်း)၊ နေရောင်ခြည်စွမ်းအင် တပ်ဆင်မှုစနစ် (ရေပေါ်တွင်တပ်ဆင်ခြင်း)၊ နေရောင်ခြည်စွမ်းအင်သုံး ထိန်းချုပ်ကိရိယာနှင့် ဘတ္ထရီပုံးတို့ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here