ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးဒုညွှန်ချုပ် လုပ်ကြံခံရ

0
216

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူသည် ဇနီးဖြစ်သူဆရာဝန်အား ဆေးခန်းပို့ပြီး အပြန်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့သည့်အတွက်သေဆုံးသွားကြောင်း သိရသည်။

ယနေ့ဧပြီလ (၂၂)ရက် မွန်းလွဲ (၂)နာရီခန့် အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းပေါ် (၁၆) ကွေ့ လမ်းဆုံအနီးတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ဦးစိုင်းကျော်သူ ပစ်ခတ်ခံရစဉ် ၎င်း၏ လည်ပင်း၊ လက်ယာနားနောက်၊ ချိုင်းအောက်၊ လက်များတွင် ကျည်ထိ ဒဏ်ရာများရရှိခဲ့သည့်အတွက် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နစက သတင်းမှန် ပြန်ကြားရေးအဖွဲ့မှလည်း ဦးစိုင်းကျော်သူ ပစ်ခတ်လုပ်ကြံခံရသည့် ဖြစ်စဉ်မှန်ကန်ကြောင်း အတည်ပြုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here