မြောက်ကိုရီးယားထောက်လှမ်းရေးဂြိုဟ်တု ၎င်းပိုင်နက်သို့ဝင်လာပါက ပစ်ချရန်ဂျပန်ပြင်ဆင်နေ

0
208

တိုကျို၊ဧပြီ ၂၂

ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဆူခါဇူဟာမာဒါက မြောက်ကိုးရီးယား ထောက်လှမ်းရေးဂြိုဟ်တု  သည် အကယ်၍ ဂျပန့်ပိုင်နက်အတွင်းဝင်ရောက်လာပါက ပစ်ချဖို့ ပြင်ဆင်ထားရန် နိုင်ငံ၏စစ်တပ်အား ဧပြီလ ၂၂ ရက်နေ့က အမိန့်ပေးညွှန်ကြားခဲ့ကြောင်းသိရသည်။

ဟာမာဒါသည် လိုအပ်ပါက အချိန်နဲ့တစ်ပြေးညီ ပဲ့ထိန်းဒုံးကျည်များကိုဖျက်ဆီးရန် အမိန့်ပေးနိုင်သဖြင့် လိုအပ်သောပြင်ဆင်မှုများပြုလုပ်ထားရန် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့အား အမိန့်ပေးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်း၏ညွှန်ကြားချက်အရ ပဲ့ထိန်းဒုံးကျည်ပြုတ်ကျလာချိန်၌ ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် အိုကီနာဝါပြည်နယ်တောင်ပိုင်းတွင် တပ်ဖွဲ့ဝင်များချထားကာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းကမူ နိုင်ငံ၏ပထမဆုံး ထောက်လှမ်းရေးဂြိုလ်တုလွှတ်တင်ရန်ပြင်ဆင်မှုသည် အမေရိကနှင့်တောင်ကိုရီးယားတို့၏ခြိမ်းခြောက်မှုကို တန်ပြန်နိုင်ရန်ဖြစ်သဖြင့် ဆက်လက်လုပ်ဆောင်သင့်သည်ဟုလည်းပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ၌ဖော်ပြခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here