ကိုဗစ်လူနာသစ်တွေ့ရှိမှု အနည်းငယ်ပြန်လည်မြင့်တက်လာ

0
1225

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကူးစက်ခံရသည့် လူနာသစ်တွေ့ရှိမှု ပြန်လည်မြင့်လာပြီးနောက် ယနေ့ ဧပြီ (၂၂) ရက်တွင် အဆိုပါ ရောဂါကူးစက်ခံရသူ (၄၆) ဦး အထိ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

အဆိုပါ အရေအတွက်မှာ ဧပြီ (၂၁) ရက် ည ၈ နာရီကနေ ဧပြီ (၂၂) ရက် ည (၈) နာရီ အတွင်း စစ်ဆေးခဲ့သည့် သံသယ လူနာ (၁၃၆၁၉) ဦးထဲမှ ရောဂါပိုး တွေ့ရှိသည့် အရေအတွက် ဖြစ်သည်။

အဆိုပါ (၄၆) ဦးထဲတွင် ပြည်တွင်း ကူးစက်မှု အရေအတွက်မှာ (၂၇) ဦးအထိ ရှိပြီး ကျန် (၁၉) ဦးမှာပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ ဖြစ်သည်။

ယမန်နေ့ ဧပြီလ (၂၁) ရက်တွင် ကိုဗစ် ရောဂါပိုးတွေ့ရှိသူ (၁၅) ဦး ရှိခဲ့ပြီး ဧပြီ (၁၉) ရက်နှင့် (၂၀) ရက် နှစ်ရက်အတွင်း (၆၉) ဦးအထိ ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here