ခရီးသည်တင် YBS နှင့်ဘေးတွဲဆိုင်ကယ်တိုက် ကလေး ၃ ဦးအပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့မှု သာကေတမြို့နယ်တွင်ဖြစ်ပွား

0
1736

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ ၇ စျေးလမ်းမနှင့်ပတ္တမြားလမ်းထိပ်တွင် ဧပြီ ၂၂ ရက်(ယနေ့)နေ့လည် ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

လမ်းမကြီးအတိုင်းမောင်းနှင်လာသည့် ခရီးသည်တင် YBS ကားနှင့်ဘေးတွဲဆိုင်ကယ်တို့တိုက်မိခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း သတင်းအရ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ မိတ်ဖက်အသင်းများနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

“YBS ၈ နဲ့ဘေးတွဲဆိုင်ကယ်တိုက်မိတာပါ ဘေးတွဲပေါ်မှာပါတဲ့လူတွေ ထိခိုက်ဒဏ်ရာရသွားတယ် မြေပြင်ကုသတာတွေလုပ်ပေးပြီးတာနဲ့ ပေးဆပ်သူတို့နှလုံးသားအသင်းရယ် ရောင်စဥ်မဲ့လူမှုကူညီရေးအသင်းရယ်ပေါင်းပြီး လူနာတွေကိုဆေးရုံပို့ပေးခဲ့ပါတယ် မစိုးရိမ်ရတွေပါပဲ”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ဘေးတွဲဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် ကလေးငယ် ၃ ဦး၊အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၂ ဦးတို့အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here