ရေအခက်အခဲရှိသည့် မြို့နယ်များသို့ နေ့စဉ် ဂါလန် ၃၀၀ ရေလှူပေးနေဟုဆို

0
232

လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်ခြင်းကြောင့် မြို့နယ်အချို့တွင်အခက်အခဲများရှိနေသည့်အတွက် နေ့စဉ် ဂါလန် ၃၀၀ ရေလှူပေးနေကြောင်း ရှင်သန်ရေးကူညီမှုအသင်းမှ သိရသည်။

“တနေ့ကို ၁၀ ခေါက်လောက်သွားရတယ်။ ဂါလန် ၃၀၀ ပေါ့။ ဂါလန် ၆၀၀ လောက်အထိကို ရေပေးရတယ့်အခေါက်ထိရှိခဲ့တယ်။ ရေအခက်အခဲဖြစ်လို့ အကူအညီတောင်းရင် ကျွန်တော်တို့အနေနဲ့ ကူညီဆောင်ရွက်ပေးပါတယ်။ သင်္ကြန်တုန်းကဆိုရင် တရားစခန်းတွေမှာ ရေအခက်အခဲရှိလို့ သွားလှူသေးတယ်။ များသောအားဖြင့် ကျူးကျော်ဘက်ကို သွားလှူတာများတယ်”ဟု ရှင်သန်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ရန်ကုန်တိုင်းအတွင်း မြို့နယ်အများအပြားရှိ တိုက်ခန်းနှင့်အ ဆောင်များတွင် သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်နေကြောင်း၊ယင်းအပြင် သောက်သုံးရေလိုအပ်ချက်များဖြစ်ပေါ်နေသည့် မြို့ နယ်များရှိနေသေးပြီး (၃) ရက်စာရေပေးဝေကူညီနိုင်ရေးအတွက် အစီအစဉ်များဆွဲထားကြောင်းနှင့် သောက်သုံးရေလိုအပ်၍ အကူအညီတောင်းခံလာသည့် အခြားမြို့နယ်များလည်း ရှိနေကြောင်းလည်း သိရသည်။

ယင်းအပြင် နှစ်စဉ် မေလမှ စက်တင်ဘာလအထိကာလများသည် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ သောက်သုံးရေ ပြတ်လပ်ခြင်းတို့ ကြုံတွေ့ခံစားရလျှက်ရှိသဖြင့် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် သောက်သုံးရေသန့်ယာဉ် အကောင်အထည်ဖော်နိုင်ရန် နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် သုတေသနယာဉ်အဖြစ် ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here