AI Chatbot များသည် ကလေးများအား ၁၈ လအတွင်း ရေးဖတ်နိုင်စေရန် ကူညီပေးနိုင်ပြီဖြစ်ကြောင်း ဘီလ်ဂိတ်စ်ဆို

0
192

AI Chatbot များသည် ကလေးငယ်များအား ၁၈ လတာကာလအတွင်း ၎င်းတို့၏ အရေးအဖတ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ရန်နှင့် သင်ကြားပေးရန် ကူညီပေးမည့် လမ်းကြောင်းပေါ်ရောက်နေပြီဖြစ်ကြောင်း မိုက်ခရိုဆော့ကုမ္ပဏီကို တည်ထောင်သူ ဘီလ်ဂိတ်စ်က ပြောသည်။

“AI ဟာ လူသားတွေအတွက် ကျူရှင်ဆရာကောင်းတစ်ယောက်ဖြစ်စေမယ့် စွမ်းရည်ကို ရလာလိမ့်မယ်”ဟု ဆန်ဒီယာဂိုတွင်ပြုလုပ်သော နည်းပညာဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ၏ အဓိကမိန့်ခွန်းတွင် ဘီလ်ဂိတ်စ်က ပြောကြားခဲ့သည်။

OpenAI ၏ ChatGPT နှင့် Google’s Bard ကဲ့သို့သော AI chatbot များသည် လွန်ခဲ့သည့်လများစွာအတွင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကာ၊ ယခုအခါတွင် အချို့သော စံပြုစမ်းသပ်မှုများ၌ လူသားတို့၏ သိနားလည်မှုနှင့် ယှဉ်ပြိုင်နိုင်ပြီဖြစ်သည်။ ထိုတိုးတက်မှုသည် နည်းပညာ၏ အလားအလာနှင့် ဖြစ်နိုင်ခြေရှိသော ဆိုးကျိုးများအကြောင်း ဆွေးနွေးငြင်းခုံမှုများအပေါ်တွင်လည်း ပိုမိုစိတ်ဝင်စားလာစေသည်။

ယနေ့ခေတ် chatbot များသည် “မယုံကြည်နိုင်လောက်အောင် သွက်လက်စွာ ရေးတတ်ဖတ်တတ်ခြင်း” များရှိနေပြီး၊ ၎င်းတို့သည် ကျောင်းသားများ၏ စာဖတ်ခြင်းနှင့် စာရေးခြင်းတို့ တိုးတက်ကောင်းမွန်လာစေရန် နည်းပညာနယ်ပယ်တွင် ယခင်ကလုံးဝမရှိခဲ့ဖူးသေးသော နည်းလမ်းများဖြင့် မကြာမီတွင် သင်ကြားပေးသွားတော့မည်ဖြစ်ကြောင်းကိုလည်း ဘီလ်ဂိတ်စ်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here