မကွေးတွင်နွားကျောင်းသွားသည့် သားအဖ ၂ ဦးမိုးကြိုးပစ်ခံရ၍သေဆုံး

0
227

မကွေးတိုင်း၊မကွေးမြို့နယ်၊ဆူးကောင်စမ်းကျေးရွာအနီးရှိ ယာခင်းထဲတွင် ဧပြီ ၂၂ ရက်ညနေ ၅ နာရီခွဲခန့်က အသက်(၄၈)နှစ်အရွယ်ရှိ ဖခင်ဖြစ်သူနှင့်အသက်(၃၅)နှစ်အရွယ်ခန့်ရှိ သားဖြစ်သူတို့သည် နွား‌ကျောင်းရန်သွားစဥ် ယာခင်းတစ်ခုထဲအရောက်၌ မိုးကြိုးပစ်ခံခဲ့ရသဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ၎င်းတို့နှင့်အတူလိုက်ပါသွားသည့် ခွေးတစ်ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

“အခင်းဖြစ်တဲ့အချိန်က ညနေဖက်က ကျွန်တော်တို့ဆီကိုဖုန်းဆက်ပြီးပြောတဲ့အချိန်က နည်းနည်းနောက်ကျတော့ Dead Body တွေကိုသွားသယ်ရတဲ့အချိန်မိုးချုပ်သွားတာပါ ဖြစ်စဥ်ကိုရဲတပ်ဖွဲ့ကလည်း လာပြီးစစ်ဆေးသွားပါတယ်”ဟု ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများအား ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here