ရပ်ကွက်/ကျေးရွာအတွင်းရှိ စီးပွားရေးလုပ်ငန်းနှင့်စက်မှုလက်မှုလုပ်ငန်းများ၏ လျှပ်စစ်ဓာတ်အားအသုံးပြုချိန်ကန့်သတ်

0
226

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)မှ ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်/ကျေး ရွာအတွင်းရှိ စီးပွားရေးလုပ်ငန်းနှင့်စက်မှုလက်မှုလုပ်ငန်းများ၏ လျှပ်စစ်ဓာတ်အားအသုံးပြုချိန်ကို ဧပြီ ၂၃ ရက်(ယနေ့)မှစတင်၍ ကန့်သတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း လက်ရှိဓာတ်အားထုတ်လုပ်ပို့လွှတ်ပေးနိုင်မှုအခြေအနေအရ အများပြည်သူအုပ်စုအတိုင်း ရောနှောဓာတ်အားသုံးစွဲနေသည့် စီးပွားရေးလုပ်ငန်းနှင့်စက်မှုလက်မှုလုပ်ငန်းများအား ယနေ့မှစတင်ကာ နေ့စဥ် ညနေ ၅ နာရီမှနောက်ရက်နံနက် ၅ နာရီအထိ ညပိုင်း ကန့်သတ်ချိန်အတွင်း လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းမပြုရန် ကန့်သတ်ခဲ့သည်။

ကန့်သတ်ချိန်အတွင်း လျှပ်စစ်ဓာတ်အားဖြင့်လုပ်ငန်းဆောင်ရွက်နေမှုကို မီတာပြဂဏန်းများအား ဓာတ်ပုံရိုက်မှတ်တမ်းတင်၍ စစ်ဆေးသွားမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူသွားမည်ဟု YESC ကအသိပေးခဲ့သည်။

နွေရာသီကာလအတွင်း နေ့/ည အပူချိန်မြင့်မားလာမှုနှင့်ဓာတ်အားသုံးစွဲမှုမြင့်တက်လာခြင်း၊ဓာတ်အားပေးစက်များအား နှစ်စဉ်ပုံမှန်ထိန်းသိမ်းပြုပြင်ရခြင်း၊ (၂၃၀)ကေဗွီနှင့် (၁၃၂ )ကေဗွီ လောပိတ မဟာဓာတ်အားလိုင်းများ၏ တာဝါတိုင်များ အကြိမ်ကြိမ်ဖျက်ဆီးခံရခြင်းကြောင့် ဘီလူးချောင်း (၁)၊ (၂)၊ (၃) ဓာတ်အားပေးစက်များမှ ထုတ်လုပ်ပို့လွှတ်သော ဓာတ်အားများ လျော့နည်းလျှက်ရှိရာ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှုနှင့်သုံးစွဲမှုမမျှတခြင်းကြောင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပြတ်တောက်မှုမဖြစ်ပေါ်စေရန် အရေးပေါ်ဝန်အားလျှော့ချရခြင်းနှင့်အလှည့်ကျ ဝန်အားလျှော့ချရခြင်းများပြုလုပ်၍ ဓာတ်အားဖြန့်ဖြူးပေးနေရသည်ဟု YESC ကအသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here