ယူကေ၌ အန္တရာယ်ရှိလာသည့်အချိန်၌ မိုဘိုင်းဖုန်းများသို့ သတိပေးချက်များပြုလုပ်မည့်စနစ်အား စတင်စမ်းသပ်

0
261

လန်ဒန်၊ဧပြီ ၂၃

ယူကေ၌ အန္တရာယ်ရှိမည့်အခြေအနေများတွင် ပြည်သူများအားသတိပေးနိုင်ရန် သတိပေးအချက်ပြသည့်စနစ်အား ယနေ့နေ့လည် ၃ နာရီ၌ စတင်စမ်းသပ်မည်ဖြစ်ကြောင်းသိရှိရပြီး အဆိုပါစနစ်၌ မိုဘိုင်းဖုန်းအသုံးပြုသူများ၏ဖုန်းများသည် အန္တရာယ်တစ်စုံတစ်ရာရှိပါက အချက်ပေးသံကျယ်ကျယ်မြည်လာမည်ဖြစ်ပြီး တုန်ခါမှုစနစ်ပါထည့်သွင်းထားကြောင်းသိရသည်။

ယင်းသို့အချက်ပေးစနစ်အား ကနေဒါ၊ဂျပန်၊နယ်သာလန်နှင့် အမေရိကန်နိုင်ငံများတွင်ပါ ကျင့်သုံးနေကြောင်း တွေ့ရှိရသော်လည်း ယူကေ၌မူ ယင်းသို့ပြုလုပ်ခြင်းသည် အစိုးရအနေဖြင့် ပြည်သူများ၏နေ့စဉ်ဘဝအား အလွန်ဝင်ရောက်စွက်ဖက်ကာ ထိန်းချုပ်မှုများနေသည့်အခြေအနေအဖြစ်ဝေဖန်ခံနေရသည်။

အရေးပေါ်ဝန်ဆောင်မှုဌာနနှင့်အစိုးရ၏ရည်ရွယ်ချက်မှာမူ ပြင်းထန် သော ရေကြီးမှု၊ မီးလောင်မှုကဲ့သို့သောအခြေအနေများ၌ ပြည်သူများအား သတိပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်းဆိုသည်။

ယနေ့စမ်းသပ်မှု၌ ၁၀ စက္ကန့်ကြာသည်အထိ ဖုန်းအသုံးပြုသူများ၏ဖုန်းများ၌ အချက်ပေးသံမြည်လာမည်ဖြစ်ကာ အဆိုပါအသံသည် ဖုန်းအသံပိတ်ထားသည့်အခြေအနေ၌ပင် မြည်သံထွက်ပေါ်လာနိုင်မည်ဖြစ်ကြောင်း လည်းသိရသည်။

သို့သော်အချို့သူများကမူ ယခုအချက်ပေးစနစ်သည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာကောင်းလွန်းနေပြီး အစိုးရအနေဖြင့် ပြည်သူများ၏မိုဘိုင်းဖုန်းများကိုပိုမိုထိန်းချုပ်ကာ ဝင်ရောက်စွက်ဖက်လွန်းနေသည်ဟုလည်း အချို့ကဝေဖန်ပြောဆိုခဲ့ကြသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here