ဖိလစ်ပိုင်အနေဖြင့် ထိုင်ဝမ်အရေးအားစိုးရိမ်သော်လည်း တရုတ်တစ်ပြည်တည်းမူအားထောက်ခံဆဲဖြစ်ဟုဆို

0
333

မနီလာ၊ဧပြီ ၂၂

ဖိလစ်ပိုင်အနေဖြင့် ပေကျင်းသာလျှင် တရုတ်၏တရားဝင်အစိုးရဖြစ်သည်ကို အသိအမှတ်ပြုကြောင်းပြောကြားခဲ့သော်လည်း ထိုင်ဝမ်ရေလက်ကြား၌ တင်းမာမှုများမြင့်တက်လာမည်ကိုမူ စိုးရိမ်မှုများရှိနေကြောင်းလည်းထုတ်ဖော်ပြောကြားခဲ့သည်။

ထိုင်ဝမ်အရေးတွင်ဝင်ရောက်စွက်ဖက်ခြင်းကြောင့် ဖိလစ်ပိုင်အားတရုတ်ဘက်မှ မကြာသေးမီကဝေဖန်ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့၏ တွေ့ဆုံမှုအားပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်ဆိုင်ရာတရုတ်သံအမတ်ကမူ ဖိလစ်ပိုင်နိုင်ငံတွင်း၌ အမေရိကန်၏နောက်ထပ်စစ်အခြေစိုက်စခန်းများထပ်ဖွင့်ရန်ခွင့်ပြုလိုက်ခြင်းသည် ဒေသတွင်းတင်းမာမှုအား မီးပေါင်မြှင့်လိုက်ခြင်းမျိုးဖြစ်နေသဖြင့် ဝေဖန်ရှုံ့ချခဲ့ပြီး ထိုင်ဝမ်၏လွတ်လပ်ရေးကို ပြတ်ပြတ်သားသား ဝိုင်းဝွန်းကန့်ကွက်ပေးရန်လည်းတောင်းဆိုခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်၏ ဖိလစ်ပိုင်ခရီးစဉ်သည် အမေရိကနှင့်ဖိလစ်ပိုင်တို့၏ ထိုင်ဝမ်နှင့်တောင်တရုတ်ပင်လယ်အတွင်း အကြီးဆုံးစစ်ရေးလေ့ကျင့်မှုပြုလုပ်ပြီးနောက် ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။ယင်းနောက်၎င်းသည် ဖိလစ်ပိုင်သမ္မတ မစ္စတာမားကို့စ်နှင့်လည်းတွေ့ဆုံခဲ့သေးသည်။

Source : Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here