ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Hijet ကားမောင်းသူအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းပေါ်သို့တိမ်းမှောက်သွား ၁ ဦးဒဏ်ရာရ

0
238

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၆၁/၁ တွင် ဧပြီ ၂၃ ရက်(ယနေ့)မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၃ ဦးလိုက်ပါလာသည် Hijet ကား၏ ကားမောင်းသူသည် အခင်း ဖြစ်နေရာအရောက် အိပ်ငိုက်သွားကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်တွင် တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် အမျိုးသား ၁ ဦးမှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကာ ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းနှင့်ဥသျှစ်ကုန်းအမြန်လမ်းရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြပြီး ဒဏ်ရာရရှိသူအား မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here