ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မနက်ဖြန်တွင် မိုးသည်းထန်စွာရွာသွန်းနိုင်

0
424

မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေသဖြင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အ ချို့၌ ဧပြီ ၂၄ ရက်(မနက်ဖြန်)တွင် မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧပြီ ၂၃ ရက်(ယနေ့)ညနေ ၄ နာရီက အသိပေးခဲ့သည်။

မိုးတိမ်တောင်များသည် နေပြည်တော်၊မန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)၊ကယားပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင် အားကောင်းနေသည်ဟု မိုးဇလမှသိရသည်။

အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်း၊မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်သည်ဟုလည်း မိုးဇလက အသိပေးခဲ့သည်။

ထို့ကြောင့် ရန်ကုန်တိုင်း၊နေပြည်တော်နှင့်မန္တလေးတိုင်းတို့တွင် ဧပြီ ၂၄ ရက်(မနက်ဖြန်)၌ နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်နှင့်ချင်းပြည်နယ်တို့အပါအဝင် ကျန်တိုင်းနှင့်ပြည်နယ်အချို့တွင်လည်း နေရာကွက်၍မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလမှအသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here