ရေကြောင်းဆိုင်ရာကွဲလွဲမှုများကို ဖြေရှင်းရန် ဖိလစ်ပိုင်နှင့်တရုတ် ဆက်သွယ်ရေးလမ်းကြောင်းများ ပိုမိုထူထောင်သွားမည်

0
329

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာနှင့် ၎င်း၏နိုင်ငံခြားရေးဝန်ကြီးတို့သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်း နှင့် စနေနေ့က မနီလာမြို့၌ တွေ့ဆုံခဲ့ပြီး တောင်တရုတ်ပင်လယ်ရှိ ၎င်းတို့၏ ရေကြောင်းဆိုင်ရာ ကွဲလွဲမှုများကို ဖြေရှင်းရန် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ကြသည်။

အင်ဒို-ပစိဖိတ်ဒေသတွင် မဟာဗျူဟာမြောက် အသာစီးရရန် အင်အားကြီးနိုင်ငံနှစ်နိုင်ငံတို့က ယှဉ်ပြိုင်နေချိန်တွင် ဖိလစ်ပိုင်နိုင်ငံမှ ခေါင်းဆောင်များနှင့် အမေရိကန်နှင့် တရုတ်တို့၏ အဓိကတာဝန်ရှိသူများ အဆင့်မြင့်အစည်းအဝေးများမှ နောက်ဆုံးရလာဒ်အဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ပဋိပက္ခတွေနဲ့ ပတ်သက်လို့ တရုတ်နဲ့ ဖိလစ်ပိုင်တို့ ပါဝင်ပတ်သက်နေတဲ့ အနောက်ဖိလစ်ပိုင်ပင်လယ်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်မှန်သမျှ အမြန်ဆုံးပြေလည်သွားအောင် ဆက်သွယ်ရေးလမ်းကြောင်းတွေ ထူထောင်ဖို့ ကျွန်တော်တို့ သဘောတူခဲ့ပါတယ်” ဟု သမ္မတမားကို့စ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖိလစ်ပိုင်သည် မိမိတို့နိုင်ငံနှင့် ဆက်စပ်နေသော တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းကို အနောက်ဖိလစ်ပိုင်ပင်လယ်ဟု ခေါ်ဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်း ၏ ခရီးစဉ်သည် အိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံရေးကို တိုးပွားလာစေရန်နှင့် ဆောင်ရွက်ရန်ရှိသည်တို့ကို ဆက်လက်လုပ်ဆောင်ရန်အတွက် များစွာအထောက်အကူဖြစ်စေသည်ဟုလည်း မားကိုစ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးအင်းရစ်မာနာလိုတို့သည် စနေနေ့အစောပိုင်းက စတင်ခဲ့သော နှစ်နိုင်ငံဆွေးနွေးပွဲများအတွင်း မဟာဗျူဟာနှင့် ဒေသဆိုင်ရာကိစ္စရပ်များအပေါ် အမြင်များကိုလည်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here