အမေရိကန် လေယာဉ်တစ်စင်း ငှက်ကြောင့် အင်ဂျင် မီးလောင်ကာ အရေးပေါ် ဆင်းသက်ခဲ့ရ

0
234

ဧပြီလ ၂၃ ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ ကိုလံဘတ်စ်မြို့ကနေ အိုဟိုင်းယိုးပြည်နယ် ဖီးနစ်မြို့ဆီ ပျံသန်းနေတဲ့ အမေရိကန် လေယာဉ်တစ်စင်းရဲ့ အင်ဂျင်ဟာ ရုတ်တရတ် မီးထလောင်ခဲ့တာကြောင့် ထွက်ခွာရာ လေဆိပ်ဆီ အရေးပေါ် ပြန်လည် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။

ဘိုးရင်း ၇၃၇ အမျိုးအစား ဂျက်လေယာဉ်ဟာ ဂျွန်ဂလန်း ကိုလံဘတ်စ် လေဆိပ်ကနေ ဖီးနစ်မြို့ဆီ နံနက် ၇ နာရီ ၄၅ မိနစ်လောက်မှာ စတင်ထွက်ခွာခဲ့ပါတယ်။ ဒါပေမယ့် ထွက်ခွာပြီးနောက် မိနစ် ၃၀ အကြာမှာပဲ အင်ဂျင်မီးစွဲလာတာကြောင့် ပြန်လည်ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်ဟာ ချောမွေ့စွာ ဆင်းသက်နိုင်တဲ့အတွက် ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါဘူး။ တာဝန်ရှိသူတွေကတော့ ဒီလို အင်ဂျင်မီးစွဲရတာ လေထဲမှာ ပျံနေတဲ့ ငှက်နဲ့ လေယာဉ်အင်ဂျင်တို့ တိုက်မိခဲ့တဲ့အတွက် ဖြစ်တယ်လို့ ပြောလာပါတယ်။

အင်တာနက်ပေါ်မှာ တွေ့ရတဲ့ ဗီဒီယိုတွေမှာလည်း လေယာဉ်ရဲ့ တောင်ပံတစ်ဖက်ခြမ်းမှာ သွေးတွေ ပြန့်ကျဲနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဖက်ဒရယ် လေကြောင်း အုပ်ချုပ်ရေး အစိုးရဌာနကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

Source: Cbs News


LEAVE A REPLY

Please enter your comment!
Please enter your name here