ပထမဆုံးသော အရောင်သင်္ကေတပြု အင်္ဂါဂြိုဟ်မြေပုံ တရုတ်ထုတ်ပြန်

0
175

ပထမဆုံးသော အင်္ဂါဂြိုဟ်တစ်ခုလုံး၏ အရောင်သင်္ကေတပြုမြေပုံကို တရုတ်နိုင်ငံက ဧပြီ ၂၄ ရက် ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ယင်းသည် ၂၀၂၃ ခုနှစ် နိုင်ငံတကာ အာကာသဆိုင်ရာနေ့နှင့် တိုက်ဆိုင်စွာထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

ယခုထုတ်ပြန်လိုက်သော အင်္ဂါဂြိုဟ်တစ်ခုလုံး၏ မြေပုံသည် နောင်အနာဂတ် အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးစီမံကိန်းများနှင့် သိပ္ပံဆိုင်ရာ သုတေသနများလုပ်ဆောင်ရာတွင် ပိုမိုကောင်းမွန်သည့် အရည်အသွေးများ ရရှိစေရန်အတွက် ပံ့ပိုးပေးသည်။

Tianwen-1 အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးဂြိုဟ်တုက ၈ လကြာ စူးစမ်းလေ့လာမှုများအတွင်း အင်္ဂါဂြိုဟ်တစ်ခုလုံးကို ခြုံငုံမိသည့် ဓာတ်ပုံပေါင်း ၁၄၇၅၇ ပုံကို ရိုက်ကူးနိုင်ခဲ့ပြီး၊ ယင်းဓာတ်ပုံများအား ပြန်လည်စုစည်းဆက်စပ်၍ ယခုမြေပုံကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

Ref: China releases its first color-coded global map of Mars


LEAVE A REPLY

Please enter your comment!
Please enter your name here