ရာသီဥတုပူ၍ ဝရန်တာတံခါး ထဖွင့်ရာမှ (၇) လွှာတိုက်ခန်းမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

0
339

ယနေ့ ဧပြီ (၂၄) ရက် နံနက်အစောပိုင်းတွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ နေအိမ်တိုက်ခန်း (၇) လွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ထံမှ သိရသည်။

ယနေ့ (၁) နာရီ (၁၀) မိနစ်အချိန်တွင် အဆိုပါ တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သတိပဌာန်လမ်းရှိ တိုက်ခန်းတစ်ခု၏ (၇) လွှာမှ ပြုတ်ချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက ပူလို့ဆိုပြီး ဝရန်တာတံခါးကို ထဖွင့်ရာကနေ အရှိန်လွန်ပြီး ပြုတ်ကျသွားတာပေါ့။ မတော်တဆဖြစ်ပွားတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ မိသားစုဝင်တွေလည်း ရှိပါတယ်။ ရုပ်အလောင်းကိုတော့ သင်္ဃန်းကျွန်း စံပြဆေးရုံကို ပိုဆောင်ထားတယ်” ဟု မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ နေအိမ်တိုက်ခန်း (၇) လွှာမှ ပြုတ်ကျသေဆုံးသည့် အမျိုးသား၏ ရုပ်အလောင်းကို သက်ဆိုရာ တာဝန်ရှိသူများက နေအိမ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here